У нас вы можете посмотреть бесплатно မိဘ ၂ ပါး သတ်ဖြတ်ခံရတဲ့နေ့မှာ ထုတ်ပြန်မယ့် "နေမဝင်ခင် နေကွယ်သွားတဲ့နေ့" သီချင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မိဘ ၂ ပါး သတ်ဖြတ်ခံရတဲ့နေ့မှာ ထုတ်ပြန်မယ့် "နေမဝင်ခင် နေကွယ်သွားတဲ့နေ့" သီချင်း (ရုပ်/သံ) ဧရာဝတီ၊ စက်တင်ဘာ ၂၈၊ ၂၀၂၃ သားဖြစ်သူ အကျဉ်းချထားတဲ့နေရာက ထွက်ပြေးလွတ်မြောက်သွားပြီးတဲ့နောက် နေအိမ်မှာကျန်ခဲ့တဲ့ အသက် ၅၈ နှစ်အရွယ်မိဘ ၂ ပါးကို အရပ်ဝတ် လက်နက်ကိုင်လူတစုက နေအိမ်ပေါ်တက်ပြီး အချက်ပေါင်းများစွာ ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ ကာယကံရှင်မိသားစုကတော့ ဒီလုပ်ရပ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ပဲ မှတ်ယူထားကြပါတယ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် သန်လျင်လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းက ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ Hip Hop အဆိုတော် စန်းမင်းပိုင် ဟာ မိဘ ၂ ပါး ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့နေ့ဖြစ်တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့မှာ "နေမဝင်ခင် နေကွယ်သွားတဲ့နေ့" ဆိုတဲ့ သီချင်းတပုဒ်ကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ / sannminpaing20 ကတဆင့် ထုတ်လွှင့်ဖို့ ပြင်ဆင်ထားပါတယ်။ စစ်တပ်ရဲ့ အဓမ္မအာဏာသိမ်းမှုနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဆန့်ကျင်နေတဲ့ အဆိုတော် စန်းမင်းပိုင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အသက်မပြည့်သေးတဲ့ မောင်စန်းမင်းပိုင်ဟာ စစ်အာဏာရှင်ရဲ့ ငရဲခန်းလို့ လူသိများတဲ့ စစ်ကြောရေး ၃ ခု၊ ရဲစခန်း ၄ ခုမှာ ၁ နှစ်ကျော် ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးနောက် သန်လျင်မြို့နယ် သန်လျင်လူငယ်လေ့ကျင့်ရေး သင်တန်းကျောင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ၈ လခန့် ထိမ်းသိမ်း ခံခဲ့ရပြီးတဲ့နောက် အဲဒီသင်တန်းကျောင်းကနေ နောက်ထပ် လူငယ် ၁၃ ဦးနဲ့အတူ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ရက်ပိုင်းမှာပဲ သေနတ်တွေ ကိုင်ထားတဲ့ လူတစုက မိဘ ၂ ပါးကို အလွယ်တကူ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်ပါတယ်။ အခုထုတ်ပြန်တဲ့ သီချင်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မတရားခံလိုက်ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ပြည်သူတွေအနေနဲ့ မမေ့လျော့ဖို့ အတွက်ရည်ရွယ်ပြီး ဒီသီချင်းကို ဖန်တီးခဲ့တယ်လို့ သူက ပြောပါတယ်။ #WhatsHappeningInMyanmar #RejectMilitaryCoup