У нас вы можете посмотреть бесплатно ကကတစ် ကြော်ချက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီငါးဟင်းလေးက နေကောင်းခါစသူတွေ အနေနဲ့ ဆန်ပြုပ် ဒါမှမဟုတ် ထမင်းပျော့ပျော့လေးချက်ထားတာနဲ့ စားလို့ကောင်းတဲ့ ဟင်းပွဲလေးဖြစ်ပါတယ်။ ကကတစ်ငါးကိုိုသေချာဆေးထားပါ ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူအနည်းငယ် နဲ့ ချင်း (ဂျင်း) ကိုခြစ်ထားပေးပါ။ ငါးကို ဆားနဲ့ နယ်ပြီး အပေါ်က ချင်းရည်ကို ညှစ်ထားပေးပါ။ (ချင်း ဖတ်တွေကို ပြန်သုံးမှာဖြစ်ပါတယ်) ပြီးရင် ပဲငံပြာရည်အကြည် ၁ ဇွန်းထည့်ပြီးနယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်ဖြူနဲ့ နီ ကို ပါးပါးလေးတွေလှီးထားပေးပါ။ အရသာအရည်တွေနဲ့ နှပ်ထားတာကြောင့် ငါးကို ဆီပူပူနဲ့ ဆီမြှုပ်ကြော်တဲ့အခါ ဆီပေါက်တတ်တာကြောင့် အဖုံးတခုခုဖုံးပြီးကြော်ပေးပါ။ ငါးကိုကြော်ပြီးမှ အငန်အရသာပြန်ချက်မှာကြောင့် ကြွပ်တဲ့အထိကြော်ပေးပါ။ ပြီးရင် ဒယ်အိုးထဲမှာ ကြက်သွန်နီကို ဆီသတ်ပါ။ ဆီသတ်တာမွှေးရင် ချင်းနဲ့ ကြက်သွန်ဖြူ ကြော်ပါ။ မွှေးလာပြီဆိုရင် ပဲငံပြာရည်အကြည် ၁ ဇွန်း ထည့်ပါ။ အချိုအရသာကြိုက်ရင် သကြားအနည်းငယ်ထည့်လို့ရပါတယ်။ ခဏလေးမွှေပြီးတာနဲ့ ကြော်ထားတဲ့ငါးကိုထည့်ပြီး ထပ်မွှေပေးပါ။ ပြီးမှ ရေနွေးအနည်းငယ်ထည့်ပြီး ရေဆူလာရင် ကကတစ် ငါးကြော်ချက်လေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ... သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...