У нас вы можете посмотреть бесплатно Burmese: အိမ်များ သက်တောင့်သက်သာရှိစေရန် မည်သို့လုပ်ဆောင်ရမည်နည်း – စွမ်းအင်ထိရောက်မှုချွေတာမှု ... или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
...အပူပေးခြင်းနှင့် အအေးပေးခြင်း How Homes Stay Comfortable – Energy Efficient Heating & Cooling အိမ်များ သက်တောင့်သက်သာရှိစေရန် မည်သို့လုပ်ဆောင်ရမည်နည်း – စွမ်းအင်ထိရောက်မှုချွေတာမှု အပူပေးခြင်းနှင့် အအေးပေးခြင်း နွေရာသီမှာ သင့်အိမ်က ဘယ်လိုအေးမြပြီး ဆောင်းရာသီမှာ ဘယ်လိုနွေးထွေးနေသလဲ။ ဒီဗီဒီယိုမှာ သင့်အိမ်မှာရှိတဲ့ အအေးပေးစနစ်နဲ့ အပူပေးစနစ်တွေအတွက် တာဝန်ရှိတဲ့ စနစ်တွေအကြောင်း အပါအဝင် ၎င်းတို့ မည်သို့အလုပ်လုပ်ပုံနှင့် အချိန်ကြာလာသည်နှင့်အမျှ ဘယ်လိုငွေစုဆောင်ရန် ကူညီပေးနိုင်သောအရာများအကြောင်း ပြောပြပေးသွားမှာပါဖြစ်ပါတယ်။ သင့်အိမ်ကို ကောင်းစွာ အပူပေးခြင်းနှင့် အအေးပေးရန်နှင့် စွမ်းအင်ကိုအနည်းငယ်သာ အသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားသော စနစ်ကို ထိရောက်သောစနစ်ဟုခေါ်ပါသည်။ ထိရောက်သောစနစ်ဆိုသည်မှာ စွမ်းအင်အနည်းအငယ်မျှသာအသုံးပြုပြီး အပူပေးခြင်း သို့မဟုတ် အအေးပေးမှုကို ပိုမိုရရှိခြင်းကို ဆိုလိုပါသည်။ စနစ်တစ်ခု ပိုမိုထိရောက်လေလေ၊ တူညီသောလုပ်ဆောင်မှုကို လုပ်ဆောင်ရန် လိုအပ်သော စွမ်းအင်နည်းပါးလေလေဖြစ်ပါသည်။ စနစ်တစ်ခု ပိုမိုထိရောက်သောအခါ၊ သင့်အိမ်ကို အပူပေးရန် သို့မဟုတ် အအေးပေးရန် စွမ်းအင်အသုံးပြုမှု နည်းပါးသွားပါသည်၊ ဆိုလိုသည်မှာ ဓာတ်ငွေ့ သို့မဟုတ် လျှပ်စစ်ဓာတ်အားအတွက် အခကြေးငွေ လျော့နည်းသွားခြင်း ဖြစ်နိုင်ပါတယ်။ အိမ်များကို အပူပေးခြင်းနှင့် အအေးပေးခြင်းကို မတူညီသောနည်းလမ်းများဖြင့် ပြုလုပ်ကြပြီး မတူညီသောလောင်စာဆီ အမျိုးအစားများကို အသုံးပြုကြပါသည်။ သဘာဝဓာတ်ငွေ့၊ ပရိုပိန်း၊ အပူဓာတ်ပေးဆီနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့ပင် အပူပေးခြင်းနှင့် အအေးပေးခြင်း စက်ကိရိယာများကို ကွဲပြားစွာ အသုံးပြုနိုင်ခြေများရှိပါသည်။ အချို့သော အဆောက်အဦများတွင် အိမ် သို့မဟုတ် အဆောက်အဦတစ်ခုလုံးကို အပူပေးခြင်း သို့မဟုတ် အအေးပေးသည့် စနစ်ယူနစ်ကြီးတစ်ခုရှိပါသည်။ အဲ့ဒါကို (central system) ပင်မဗဟိုစနစ်ဟုခေါ်ပါသည်။ အချို့ကတော့ သီးခြားတစ်ခုချင်းယူနစ်များကို အသုံးပြုပါသည်—ပြတင်းပေါက်အဲယားကွန်းများ၊ မီနီ စပလစ်အပူစုပ်စက်များ၊ ရေဒီယေတာများ၊ အခန်းအပူပေးစက်များ သို့မဟုတ် အောက်ခြေဘုတ်ပြားအပူပေးစက်များကဲ့သို့သော ယူနစ်များကို အသုံးပြုကြသည်။ အိမ်များအချို့တွင် စနစ်များကို ပေါင်းစပ်ထားကြပါသည်—ဧည့်ခန်းထဲမှာ ဓာတ်ငွေ့အပူပေးစက်ကိုသုံပြီး အိပ်ခန်းထဲမှာ လျှပ်စစ်အောက်ခြေဘုတ်ပြား အပူပေးစက်တွေကိုသုံးပါသည်။ စနစ်အချို့သည် အခြားစနစ်များထက် လည်ပတ်ရန် ပိုမိုကုန်ကျစရိတ်များသောကြောင့် စနစ်အမျိုးအစားသည် အရေးကြီးပါသည်။ ဥပမာအားဖြင့်၊ လျှပ်စစ်အောက်ခြေဘုတ်ပြား အပူပေးစက်များသည် ဓာတ်ငွေ့အပူပေးစက်ထက် လည်ပတ်ရန် တစ်ခါတစ်ရံ ၂-၃ ဆထိ ပိုမိုကုန်ကျစရိတ်များနိုင်ပါသည်။ ဘယ်လိုစနစ်မျိုးပဲရှိရှိ၊ သင့်အိမ်ရဲ့ အပူ ဒါမှမဟုတ် အအေးအဆင့်ကို အနည်းဆုံးငွေပမာဏနှင့် သင့်ကိုသက်တောင့်သက်သာရှိစေချင်ပါတယ်။ အပူပေးစနစ်နှင့် အအေးပေးစနစ်အားလုံးသည် စွမ်းအင်ကို တူညီစွာအသုံးပြုကြသည် မဟုတ်ပါ။ ၎င်းတို့ မည်သို့အလုပ်လုပ်ပုံနှင့် မည်သည့်စနစ်များသည် စွမ်းအင်ကို နည်းပါးစွာအသုံးပြုသည်ကို လေ့လာခြင်းသည် ငွေစုရန်နှင့် သင့်အိမ်ကို သက်တောင့်သက်သာရှိစေရန် ကူညီပေးနိုင်ပါသည်။ အပူပေးစနစ် အမျိုးအစားများစွာရှိပါသည်။ လျှပ်စစ်အခန်းအပူပေးစက်များသည် ပလပ်ထိုးအပူပေးစက်များဖြစ်ပြီး သေးငယ်သောနေရာတစ်ခုကို လျင်မြန်စွာအပူပေးနိုင်ပါသည်။ ဒါပေမယ့် ၎င်းတို့သည် လျှပ်စစ်ဓာတ်အားများစွာအသုံးပြုသောကြောင့် သင့်အိမ်ကိုအပူပေးရန် အကုန်အကျစရိတ်အများဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့သည် အခန်းငယ်နေရာတစ်ခုတွင် ရေတိုအသုံးပြုရန်သာ အကောင်းဆုံးဖြစ်ပါသည်။ ဘွိုင်လော (boiler) ရေပူအိုး တစ်လုံးသည် ရေကိုအပူပေးပြီး ပိုက်များမှတစ်ဆင့် သင့်အိမ်ကိုအပူပေးရန် ရေနွေးငွေ့ကိုထုတ်လွှတ်ပေးပါတယ် ပြီးတော့ မီးပြင်းဖို (furnace) သည် လေကိုအပူပေးပြီး ထိုနွေးသောလေကို ပြွန်ပိုက်ကြီးများမှတစ်ဆင့် မှုတ်ထုတ်ပေးပါသည်။ အကယ်၍ သင့်အိမ်တွင် ပိုက်များနှင့် ရေဒီယေတာများကို အသုံးပြုပါက၊ အဲ့ဒါက ဘွိုင်လော (boiler) ရေပူအိုး ဖြစ်ပါသည်။ အကယ်၍ ပူနွေးသောလေမှုတ်ထုတ်ပေးသည့် လေဝင်ပေါက်များကို အသုံးပြုပါက၊ အဲ့ဒါက မီးပြင်းဖို (furnace) ဖြစ်ပါတယ်။ သင့်တွင် ပရိုပိန်း သို့မဟုတ် လောင်စာဆီသုံးသည့် ဘွိုင်လော (boiler) ရေပူအိုး သို့မဟုတ် မီးပြင်းဖို (furnace) တစ်ခု ရှိနိုင်ပါသည် သို့မဟုတ် သဘာဝဓာတ်ငွေ့ဖြင့် လောင်စာဆီသုံးသည့် ဘွိုင်လော (boiler) ရေပူအိုး သို့မဟုတ် မီးပြင်းဖို (furnace) တစ်ခု ရှိနိုင်ပါသည်။ လောင်စာဆီ သို့မဟုတ် ပရိုပိန်း ဘွိုင်လော (boiler) ရေပူအိုး သို့မဟုတ် မီးပြင်းဖို (furnace) သည် အိမ်ဟောင်းများတွင် အရှိများသည်။ ၎င်းတို့သည် များသောအားဖြင့် ဆူညံပြီး ပုံမှန်သန့်ရှင်းရေးနှင့် ချိန်ညှိမှုများ လိုအပ်ပါသည်။ လောင်စာဆီ မီးပြင်းဖို (furnace) အဟောင်းများသည် စွမ်းအင်များစွာ ဖြုန်းတီးပြီး လောင်စာဆီနှင့် ပရိုပိန်းဈေးနှုန်းများသည် များစွာပြောင်းလဲနေသောကြောင့် အပူပေးစရိတ်များသည် အတက်အကျရှိနိုင်ပါသည်။ ပရိုပိန်းနှင့် လောင်စာဆီကို မြေအောက်ခန်း၊ ကားဂိုဒေါင် သို့မဟုတ် အပြင်ဘက်ရှိ တိုင်ကီတစ်ခုတွင် ပို့ဆောင်ပြီး သိမ်းဆည်းထားကြပါသည်။ ဓာတ်ငွေ့ မီးပြင်းဖို (furnace) များနှင့် ဘွိုင်လာ (boiler) ရေပူအိုး များသည် သင့်အိမ်ကို အပူပေးရန် သဘာဝဓာတ်ငွေ့ကို လောင်ကျွမ်းပေးပါသည်။ ဓာတ်ငွေ့သည် သင်မမြင်နိုင်သော မြေအောက်ပိုက်များမှတစ်ဆင့် သင့်အိမ်ထဲသို့ ဝင်ရောက်လာပါသည်။ ၎င်းတို့သည် ဓာတ်ငွေ့ဝန်ဆောင်မှုရှိသော နေရာများတွင် အရှိများပါသည်။ အဓိကအမျိုးအစားနှစ်မျိုးရှိပါသည်- စွမ်းအင်နည်းသော မီးပြင်းဖို (furnace) များနှင့် စွမ်းအင်မြင့်သော မီးပြင်းဖို (furnace) ဖြစ်ပါတယ်။ စွမ်းအင်မြင့်သော မော်ဒယ်များသည် ဓာတ်ငွေ့အသုံးပြုမှုနည်းပါးသောကြောင့် အသုံးပြုလည်ပတ်ရန် ကုန်ကျစရိတ်နည်းပါးပါသည်။ (Cont...)