У нас вы можете посмотреть бесплатно TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေ ရောင်းချမယ် | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေ ရောင်းချမယ် ဒီဇင်ဘာ-၁၉၊ ၂၀၂၅။ People's Spring TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေကို လက်လွှဲရောင်းချဖို့ မိခင်ကုမ္ပဏီ ByteDanceက သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။ တရုတ် နည်းပညာ လုပ်ငန်းစု တစ်ခုဖြစ်တဲ့ ByteDanceဟာ ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ TikTokရဲ့ ရှယ်ယာ အများစုကို အမေရိကန်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီ လက်လွှဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီတော့ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာ ထက်ဝက်လောက်ကို Oracle ၊ Silver Lakeတို့အပြင် အာရပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး MGXလို ကုမ္ပဏီတွေက ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းကို ကုမ္ပဏီ အမှုဆောင်ချုပ် ရှုဇီချူးက အမေရိကန် လုပ်ငန်းခွဲ ဝန်ထမ်းတွေဆီ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။ တရုတ် နည်းပညာ လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်တဲ့ TikTokဟာ အမေရိကန်မှာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်စေနိုင်တယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက် ကတည်းက TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲကို အမေရိကန် ကုမ္ပဏီတွေဆီ ရောင်းချဖို့ ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။ နှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့နောက် အခုအခါမှာတော့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ အဲဒီ သဘောတူညီမှုကို အပြီးသတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲကို အမေရိကန်ဆီ မရောင်းချရင် ပြည်တွင်းမှာ သုံးစွဲခွင့်ပိတ်ဖို့ အမိန့်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က စက်တင်ဘာလမှာ ဆိုင်းငံ့ပေးခဲ့ချိန် ကတည်းက အရောင်းအဝယ်ကိစ္စ နောက်ကွယ်မှာ စကားပြောနေကြောင်း ကြေညာထားခဲ့ပါတယ်။ ညှိနှိုင်းသဘောတူညီမှုအရ TikTokဟာ အမေရိကန် လုပ်ငန်းခွဲတွေရဲ့ ရှယ်ယာ ၁၉.၉ ရာခိုင်နှုန်းကိုတော့ ဆက်လက် ထိန်းသိမ်းခွင့် ရထားမှာပါ။ Oracle၊ Silver Lakeနဲ့ ယူအေအီးနိုင်ငံ အခြေစိုက် MGXတို့ကတော့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းစီ ခွဲဝေ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် ရှယ်ယာ ၃၀.၁ ရာခိုင်နှုန်းကိုတော့ လက်ရှိ ByteDanceရဲ့ ရှယ်ယာရှင်တွေနဲ့ အဆက်အနွှယ်တွေက ထိန်းချုပ်ထားမယ်လို့ ဆိုပါတယ်။ သဘောတူညီမှုရဲ့ အစိတ်အပိုင်း အနေနဲ့ ထရမ့်ရဲ့ မဟာမိတ် လယ်ရီ အယ်လီဆန် ပူးတွဲထူထောင်ထားတဲ့ Oracleဟာ TikTokရဲ့ recommendation algorithm နည်းပညာကိုလည်း လိုင်စင်လွှဲယူခွင့် ရမယ်လို့ အစောပိုင်းတုန်းက အိမ်ဖြူတော်က ပြောကြားထားခဲ့ပါတယ်။ မနှစ်က ဧပြီလတုန်းက ဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲတွေကို လက်လွှဲ ရောင်းမချဘူးဆိုရင် လုံခြုံရေး စိုးရိမ်မှုအတွက် ပြည်တွင်း သုံးစွဲခွင့်ပိတ်ဖို့ ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထရမ့်က သမ္မတအဖြစ် စတင်တာဝန်ယူတဲ့ ဇန်နဝါရီ ၂၀ မှာ ဥပဒေ စတင်အသက်ဝင်မှာ ဖြစ်ပေမယ့် ထရမ့်ရဲ့ အမိန့်နဲ့ အကြိမ်ကြိမ် ဆိုင်းငံ့စေခဲ့ပြီး တစ်ဖက်မှာလည်း အမေရိကန် အစိုးရဟာ TikTokကို အမေရိကန် လုပ်ငန်းတွေက လွှဲပြောင်းဝယ်ယူရေး ကိစ္စကို တွန်းအားပေးနေခဲ့ပါတယ်။ စက်တင်ဘာလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောခဲ့တဲ့ အခါမှာတော့ အဲဒီ အရောင်းအဝယ် ကိစ္စကို ရှီက မီးစိမ်းပြပေးခဲ့ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။ ကိုးကား: CNN 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 / subscribe 𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA