У нас вы можете посмотреть бесплатно ၁ ရက်ပဲ အချိန်ရရင် ပုဂံ ကို ဘယ်လိုလည်မလဲ | How to see Bagan in 1 Day или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုပြီး စကားချန်ခဲ့တဲ့အတိုင်း ဘုရားစေတီပေါင်း ၄ ထောင်ကျော်မှာ ကြွင်းကျန်ရစ်တဲ့ ၂ ထောင်ဝန်းကျင် (လို့ပြောကြ) ကို တစ်နေ့တာအတွင်း ဖူးဖို့တော့ မလွယ်ကူလှပါဘူး။ အနည်းဆုံး ၅ ရက် တစ်ပတ်လောက်မှသာ လုံလောက်ကောင်း လုံလောက်နိုင်ပါတယ်။ ဒီ့ထက်လည်း ပိုကြာနိုင်ပါဦးမယ်။ စားသုတ်သုတ် သွားသုတ်သုတ် ခေတ်ကြီးထဲမှာ ပိတ်ရက်လေးနည်းနည်းပဲ ရလို့ ပုဂံမှာ တစ်ရက်တာပဲ အချိန်ရခဲ့မယ်ဆိုရင် ဘယ်လိုလည်သင့်သလဲဆိုတာကို ဒီဗီဒီယိုလေးကနေ ဝေမျှတင်ဆက်ထားတာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကအတွေးအမြင်ဖြစ်လို့ အယူအဆအားဖြင့်တော့ အနည်းငယ်ကွဲပြားနိုင်ပေမယ့် အခြေခံသဘောတရားအားဖြင့်တော့ ကိုယ်ပိုင်အတွေးအမြင်နဲ့ပေါင်းစပ်ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။ ကျွန်တော် ပုဂံ မှာ တည်းခိုခဲ့တဲ့ ဟိုတယ်ကတော့ Bagan View Hotel (ပုဂံရှုခင်းဟိုတယ်) ဖြစ်ပါတယ်။ ပုဂံမြိုသစ် က စံပယ်လမ်း မှာ တည်ရှိပါတယ်။ အနီးအနားမှာ ယွန်းထည်ဆိုင်၊ စားသောက်ဆိုင် များလည်း ရှိပြီး၊ မြင်းကပါအရပ်က ဘုရားစေတီများကို မိနစ်အနည်းငယ်အတွင်း ရောက်ရှိဖူးမြင်နိုင်ပါမယ်။ တည်းခိုဖို့ ဖုန်း - (+95) 09444790476 ကို ဆက်သွယ်နိုင်ပါတယ်။ အားလုံးပဲ အမြဲဘေးကင်းကျန်းမာ စိတ်ရွှင်လန်းကြပါစေ... သီဟလုလင် (Thiha, the Traveller)