У нас вы можете посмотреть бесплатно မြန်မာ့သမိုင်း ပုံပြင်ပုံရိပ်များ ပုဂံခေတ် (၉) "ကျန်စစ်သားမင်း" или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အနော်ရထာနှင့် ကျန်စစ်သားတို့ တည်ခဲ့သော ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါးနှင့် ပြည့်စုံသည်ဟု ယုံကြည်ကြသည်။ အတွင်းအံ့ကိုးပါး 1. ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊ 2. စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။ 3. စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။ 4. စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။ 5. တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။ 6. အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။ 7. စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။ 8. မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။ 9. စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။ အပြင်အံ့ကိုးပါး 1. ဧရာဝတီမြစ်ကမ်းစပ် ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။ 2. ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။ 3. ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲ စီးဆင်းခြင်း။ 4. မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။ 5. စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။ 6. ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ချင်းပေါက်ခြင်း။ 7. ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။ 8. ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။ 9. စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်။ ရွှေစည်းခုံဘုရားကျောက်စာ ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့လည်း အထက်အညာသို့ ပါကြရသည်။ ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊ မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စားတန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊ Zawgyi အေနာ္ရထာႏွင့္ က်န္စစ္သားတို႔ တည္ခဲ့ေသာ ေရႊစည္းခုံေစတီသည္ အတြင္းအံ့ကိုးပါး၊ အျပင္အံ့ကိုးပါးႏွင့္ ျပည့္စုံသည္ဟု ယုံၾကည္ၾကသည္။ အတြင္းအံ့ကိုးပါး 1. ထီးေတာ္အလြန္ႀကီးေသာ္လည္း သံႀကိဳးမဆိုင္းရျခင္း၊ 2. ေစတီ၏အရိပ္သည္ တံတိုင္းအျပင္သို႔ မေရာက္ျခင္း။ 3. ေစတီ၏ထိပ္မွ ေရႊစကၠဴပစ္ခ်လၽွင္ အျပင္သို႔မေရာက္ျခင္း။ 4. ေစတီ၏ မဟာရံတံတိုင္းအတြင္း လူမည္မၽွမ်ားမ်ား ျပည့္က်ပ္မေနျခင္း။ 5. တန္ေဆာင္မုန္းလျပည့္ပြဲေတာ္တြင္ ပထမသပိတ္ေတာ္၌ မည္သူမၽွ ဆြမ္းဦးမတင္နိုင္ျခင္း။ 6. အေဝးကၾကည့္လၽွင္ကုန္း၊ အတြင္းမွၾကည့္လၽွင္ က်င္းသဖြယ္ထင္ရျခင္း။ 7. ေစတီ၏တစ္ဖက္မွ တီးေသာစည္သံကို အျခားတစ္ဖက္မွ မၾကားရျခင္း။ 8. မိုးသည္းထန္စြာရြာေသာ္လည္း ေစတီရင္ျပင္၌ ေရမတင္ျခင္း။ 9. ေစတီေတာ္ အေရွ႕ေတာင္ေထာင့္ရွိ ခေရပင္သည္ ၁၂ ရာသီ ပြင့္ျခင္းတို႔ျဖစ္သည္။ အျပင္အံ့ကိုးပါး 1. ဧရာဝတီျမစ္ကမ္းစပ္ ေရစီးအတြင္း စြယ္ေတာ္တင္လာသည့္ ဆင္ျဖဴေတာ္ဝပ္သည့္ေနရာ ေသာင္ျဖစ္လာျခင္း။ 2. ထိုသဲေသာင္တို႔သည္ ေက်ာက္ျဖစ္လာျခင္း။ 3. ဧရာဝတီျမစ္ေရသည္ ေစတီေတာ္ကို ဦးခိုက္ရစ္ဝဲ စီးဆင္းျခင္း။ 4. မဟာရံတံတိုင္းသည္ ရွစ္ပယ္ (၁၄.၁၆)ဧက က်ယ္ဝန္းျခင္း။ 5. ေစတီတည္ရာတြင္ တုရင္းေတာင္မွ ေက်ာက္မ်ားကို ပုဂံျပည္သူတို႔ လက္ဆင့္ကမ္းသယ္ျခင္း။ 6. ေက်ာက္သယ္ယူသူမ်ား အရိပ္ရရန္ မန္က်ည္းပင္မ်ား ခ်က္ခ်င္းေပါက္ျခင္း။ 7. ေက်ာက္သယ္အၿပီး မန္က်ည္းပင္မ်ား ေပ်ာက္ျခင္း။ 8. ေရႊစည္းခုံေစတီ အေရွ႕မ်က္ႏွာစာ ေလွကားအနီးရွိ ေရမွန္အတြင္း၌ ေစတီအရိပ္ထင္ျခင္း။ 9. ေစတီကို အေဝးမွၾကည့္ပါက ကုန္းျမင့္ေပၚတြင္ တည္ထားသည္ဟု ထင္ရျခင္းတို႔ ျဖစ္သည္။ ေရႊစည္းခုံဘုရားေက်ာက္စာ ပုဂံကို ရန္သူတို႔ ဖ်က္ဆီးေသာအခါ အမ်ိဳးေလးပါးသည္ စစ္သုံ႔ပန္းျဖစ္၍ အခ်ိဳ႕လည္း ေအာက္အေၾကသို႔ ပါၾကရသည္။ အခ်ိဳ႕လည္း အထက္အညာသို႔ ပါၾကရသည္။ ငါ၏ အကူအညီျဖင့္ ထိုသူတို႔ ပုဂံသို႔ ျပန္ေရာက္ေစပါအံ့။ မ်ားစြာေသာ သူခပ္သိမ္းတို႔သည္ သားတကြဲ ၊ မယားတကြဲ ၊ မိကြဲ ၊ ဖကြဲ ျဖစ္ၾကရကုန္၏။ ထိုသူတို႔၏ ဒုကၡကို ငါၿငိမ္းပါအံ့။ ထိုသူတို႔၏ မ်က္ရည္ကို ငါသုတ္ပါအံ့၊ ငါ၏ ယာလက္ျဖင့္ ဆန္စပါးရိကၡာကိုေပးအံ့၊ ငါ၏ဝဲလက္ျဖင့္ ဝတ္စားတန္ဆာ ေပးအံ့။ အမိသည္ သားငယ္အား ရင္ခြင္၌ ႏွစ္သိမ့္သကဲ့သို႔ ငါသည္လည္း တိုင္းသူျပည္သားတို႔ကို ႏွစ္သိမ့္ပါအံ့၊