У нас вы можете посмотреть бесплатно DVB - သမ္မတ ဦးသိန်းစိန် ၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒ ပေး или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုုင်တို့လည်း ဒီနေ့ မနက်ပိုင်းမှာ နေပြည်တော်မှာ မဲပေးခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၂ ရက်အလို သောကြာနေ့မှာ သမတ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မစိုးရိမ်ကြဖို့ အစိုးရအဖွဲ့ကရော၊ စစ်တပ်ကပါ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာ သွားမယ်လို့ ထပ်လောင်း ကတိပြုခဲ့ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်တော်အသီးသီးမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက လေးပုံ တပုံ အသင့် နေရာယူထားတာကြောင့် အခု ရွေးကောက်ပွဲဟာ လွှတ်တော်အသီးသီးရဲ့ လေးပုံသုံးပုံအတွက် ယှဉ်ပြိုင်တဲ့ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲမှာ အတိုက်အခံ အန်အယ်ဒီအနနဲ့ မဲဆန္ဒနယ် အားလုံးထဲက ၇၀ ရာခိုင်နှုန်း နီးပါးလောက်မှာ အနိုင်ရမှသာ လွှတ်တော်မှာ အများစု လွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရင် လက်ရှိ သမ္မတ ဦးသိန်းစိန်ကိုပဲ သမ္မတအဖြစ် ရွေးချယ်မယ်လို့ ပြောထားပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကို မနက်ဖြန်ကစလို့ ကြေညာမှာ ဖြစ်ပြီး လွှတ်တော်သစ်က ရွေးချယ်မယ့် သမ္မတကတော့ ဇန်နဝါရီလထဲမှာ ကြေညာနိုင်ဖွယ်ရှိပါတယ်။ DVB TV -08.11.2015