У нас вы можете посмотреть бесплатно IMEI မှတ်ပုံတင်ခြင်း - သတိပြုဖွယ် ဆောင်ရန် ရှောင်ရန်များ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
CEIR ၌ မိုဘိုင်းဖုန်း မှတ်ပုံတင်ရန် သိထားသင့်သည့် အချက်များ ဝေဝေ စစ်ကောင်စီအနေနဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေ အပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေး စက်ပစ္စည်းတွေရဲ့ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI) ကို အသုံးပြုပြီး ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံစနစ် (Central Equipment Identity Register - CEIR) မှာ မှတ်ပုံတင်တဲ့စနစ်ကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဖုန်းအားလုံး မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ကြေညာချက်အရ အခွန်ကောက်ခံဖို့နဲ့ တရားမဝင် တင်သွင်းမှုတွေကို တားဆီးဖို့အတွက်လို့ ဖော်ပြထားပေမဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်အရ CEIR မှတ်ပုံတင်စနစ်က စောင့်ကြည့်ရေးယန္တရားတွေမှာ ပိုပြီး အကောင်အထည်ဖော်လာနိုင်တာ တွေ့ရှိရကြောင်း မြန်မာအင်တာနက်ပရောဂျက်က ထုတ်ပြန် သတိပေးထားပါတယ်။ မြန်မာအင်တာနက်ပရောဂျက်က ဒစ်ဂျစ်တယ်အခွင့်အရေး လေ့လာသူ ကိုသစ်ဉာဏ်က “စောင့်ကြည့်ရေးယန္တရားကို စစ်အုပ်စုက တည်ဆောက်ထားတာ လွယ်လွယ်ပြောရရင် အရပ်ထဲက စမတ်ကတ်လို့ ပြောနေကြတဲ့ UID ယူတဲ့ အချက်အလက်တွေ၊ ဆင်းမ်ကတ် မှတ်ပုံတင်ခိုင်းတဲ့ အချက်အလက်တွေ၊ နောက် တခြားသော national database ကို ဆောက်တဲ့ဟာတွေပေါ့၊ ဒီဟာတွေက တဖက်မှာတော့ အများပြည်သူရဲ့ အကျိုးအတွက်လို့ ပြောပေမဲ့ နောက်ကွယ်မှာ စောင့်ကြည့်ရေးယန္တရားအနေနဲ့ တည်ဆောက်တယ် ဆိုတာကို ကျနော်တို့ သံသယရှိတယ်။ အဲဒီလိုလုပ်နေတယ်လို့ ယူဆတယ်။ အဲဒီယူဆချက်တွေအတွက်လည်း ကျနော်တို့မှာ အထောက်အထားတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒါကို ပြောနေရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ဒစ်ဂျစ်တယ် သိနားလည်မှုကို မျက်ခြည်မပြတ် စဉ်ဆက်မပြတ် မြှင့်တင်ပါလို့ ကျနော်တို့အနေနဲ့ တိုက်တွန်းပါရစေ” လို့ ပြောပါတယ်။ CEIR မှတ်ပုံတင်စနစ်မှာ IMEI ထည့်သွင်းလိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အခြေအနေ ၅ ခုကို သတိထားဖို့ မြန်မာအင်တာနက်ပရောဂျက်က သတိပေးထားပါတယ်။ အပြည့်အစုံကို အောက်က Link တွင် ဖတ်ရူ့နိုင်ပါသည် 👇👇👇 #DVB #CEIR #IMEI #မိုဘိုင်းဖုန်း #စစ်ကောင်စီ #SpringViewsRecap #CEIR #IMEI #DigitalRights #CyberSecurity #Surveillance #MyanmarNews #DigitalSecurity #DigitalSafety #သတင်းထူး #နည်းပညာ #knowledgesharing #myanmar #burma #trending #technology #tech #myanmar #myanmarnews #new #recap #springviewsrecap #PeoplesSpring #newsupdate #entertainment #podcast #popular #politics #politicalnews #burmesnews #burma #burmese #myanmarhistory #update #fyp CEIR ၌ မိုဘိုင်းဖုန်း မှတ်ပုံတင်ရန် သိထားသင့်သည့် အချက်များ ဝေဝေ https://burmese.dvb.no/archives/749930