У нас вы можете посмотреть бесплатно တစ်ပတ်အတွင်း တနင်္သာရီသတင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ • လူနာထောင်ချီဆေးကုနေတဲ့ ထားဝယ်မြို့ရှိ မေတ္တာရိပ်ဆေးခန်း အပြီးပိတ် • ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့အဝင်ဂိတ်ကိုပိတ်လိုက်လို့ ဒေသခံတွေတိမ်းရှောင် • နှစ်ချီစစ်ရှောင်နေရတဲ့ တနင်္သာရီဒေသခံ ကိုးထောင်ကျော် ဆေးဝါးနဲ့ နေရာထိုင်ခင်းလိုအပ်ချက်များနေ • လောင်းလုံးနဲ့ ရေဖြူမှာ စစ်အာဏာရှင်တပ်အင်အားအများအပြားနဲ့ လူဦးရေစာရင်းကောက်တဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “သတင်းအမှောင် ချခံထားရတဲ့ ဒေသက ပြည်သူတွေ ဘာတွေဖြစ်နေလဲ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း Telegram - https://t.me/daweiwatch Website - http://www.daweiwatch.com/ Facebook - / daweiwatch Instagram - / dawei_watch Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင် ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။