У нас вы можете посмотреть бесплатно ❝မျက်နှာ သစ်သောအခါကုသိုလ်(၅)မျိုးကိုရအောင်ယူနည်း❞ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
❝ မျက်နှာ သစ်သောအခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း ❞ (၁) “ဒါ နကုသိုလ်” မနက် အိပ်ယာထတဲ့အခါ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလားထဲကို ရေထည့် လိုက်ပါ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ မေတ္တာပို့တဲ့ အခါ အဆင်မပြေမှာ စိုးလို့ပါ။ လက်က ကိုင်ထားတဲ့ ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက် သောအားဖြင့် မျက်နှာ သစ်တော်မူ ပါဘုရား” လို့ဆိုပြီး ကပ်လိုက် ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေစဥ်မှာ အရဟံကို အနက် (၃)ခု ဖြင့် ပွါးလိုက်ပါ အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ – ပူဇော် အထူးကို ခံ ယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ – ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုကို မပြုတော်မူသော မြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိ ကုသိုလ် ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြသလို အဖေနဲ့အမေ စိတ်ကော ရုပ်ကော အေးမြ ပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့ အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြ ပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြ ပါစေ ။ ဤရေအေးမြသလို သတ္တဝါ အားလုံး စိတ်ကော ရုပ်ကော အေးမြကြ ပါစေ…လို့ မေတ္တာပို့ လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ် ဖြစ်သွား ပါပြီ။ ဒါ့ကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောရခြင်းဖြစ်ပါတယ်။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေ ပါဘူး။ ရေကိုမြင်တဲ့ နေရာမှာ ရေဖလားကို ထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေ လို့ပါ။ (၄) “မရဏာနုဿတိကုသိုလ်” ပြီးရင် ငါဒီ တစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေ မဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာ တိပွါး လိုက်ပါ။ ဒါဆို မရဏာနုသာတိ ကုသိုလ် ဖြစ်သွား ပါပြီး။ (၅) “အသုဘ ဘာဝနာကုသိုလ်” မျက်စိ အတွင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာ ရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာ ရှိနေတဲ့အညစ်အကြေး တွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံ ရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ် ဖြစ်သွားပါပြီး အသုဘ ဘာဝနာပွါး ရတာ အိပ်ယာထ ဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှား ရှိနေတဲ့ အတွက် ပွါးရတာ ပိုတောင် ထင်သာမြင်သာ ရှိပ ါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီး တဲ့အခါ လှလှပပ ဝတ်ဆင် ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး မိတ်ကပ်တွေ အဝတ်တွေနဲ့ ဖုံးထားတဲ့ အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။ အသုဘဘာဝနာ ပွားရတာသည် မနက်စောစောက အဆင်ပြေ ဆုံးပါပဲ အားလုံးပြီးမှ မြတ်စွာ ဘုရား မျက်နှာတော် သစ်ပြီးပြီ ဖြစ်တဲ့ အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူ ပါဘုရား လို့ စွန့်ပြီး မျက်နှာသစ် လိုက်ပါ ဒါဆို မျက်နှာသစ် ရင် ကုသိုလ်(၅)မျိုး ရသွား ပါပြီ ။ ကဲ စာဖတ်သူအပေါင်း တို့ရေ မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေ စုဆောင်း ထားလိုက် ပါနော်..။.