У нас вы можете посмотреть бесплатно မြန်မာမုန့် ခရီးစဉ် (၂) - ထမနဲ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီတစ်ပတ်မှာတော့ မြန်မာမုန့် ခရီးစဉ် (၂) ရဲ့ အစီအစဉ်လေးမှာ အလှည့်ကျလာတဲ့ မြန်မာမုန့်လေးကတော့ တပို့တွဲလရဲ့ ရာသီစာ သရေစာဖြစ်တဲ့ “ထမနဲ” လုပ်နည်းလေးပဲ ဖြစ်ပါတယ်။ ထမနဲ လို့ ဆိုလိုက်တာနဲ့ လူတွေဝိုင်းဖွဲ့ပြီး ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ အားသွန်ခွန်စိုက် ထိုးနေကြတာကို မြင်ယောင်မိမှာပါ။ ဒီတပို့တွဲလမှာ ထမနဲကို ပြိုင်ပွဲအနေနဲ့ ပျော်ပွဲရွှင်ပွဲသဖွယ်ပြုလုပ်ကြတာကိုလည်း တွေ့ရသလို အလှူဒါန ကုသိုလ်ပြု လှူဒါန်းကြတာလည်း တွေ့ရပါတယ်။ ဒီသရေစာလေးကို လူကြိုက်လည်း များကြပါတယ်။ ဒါကြောင့် ကောက်ညှင်းဆန်ကောင်းကောင်း၊ ချင်းနံ့မွှေးမွှေးလေးနဲ့ စားရတာ အလွန်ကောင်းတဲ့ ထမနဲ လုပ်နည်းလေးကို သွားရောက်လေ့လာခဲ့ပုံများနဲ့ အိမ်မှာ ကိုယ်တိုင် လုပ်စားကြည့်ချင်တယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်လည်း မတင်တင်ဦးက ပြန်လည်ပြီး အလွယ်တကူလုပ်စားနိုင်အောင် လုပ်ပြပေးထားပါတယ်။ ကဲ ကြည့်လိုက်ကြရအောင်နော်။ ထမနဲ ပါဝင်ပစ္စည်းများ ကောက်ညှင်းဆန် - ၁ ကီလိုဂရမ်(ရေဆေးသန့်စင်ထားပါ) အုန်းသီးဖတ်ကြော် - ၅၀၀ ဂရမ် မြေပဲဆံလှော် - ၃၂၀ ဂရမ် (မညက်တညက်ကြိတ်ထားပါ) ဆီ - ၅၀၀ မီလီလီတာ ဆား - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း နှမ်းအဖြူ - ၁၆၀ ဂရမ် ချင်း - ၂၅၀ ဂရမ် ရေ - ၁ လီတာ ရေ - ၂၀၀ မီလီလီတာ နှမ်းအမည်း - ၅၀ ဂရမ် ပြုလုပ်နည်း ဦးစွာ ဒယ်အိုးထဲ ဆီ ၃၀၀ မီလီလီတာ ထည့်ပါ။ ဆီပူလာရင် အုန်းသီးဖတ်ကြော်လေးတွေကို အရောင်ရအောင် အနည်းငယ် ပြန်ကြော်ပြီး ဆီစစ်ထားပါ။ ပြီးလျှင် ဒယ်အိုးထဲ နှမ်းအဖြူကို ထည့်ပြီးလှော်ပါ။ ကြိတ်ထားတဲ့ မြေပဲလှော်များထည့်ပါ။ ဆီ ၁၀၀ မီလီလီတာ ထည့်မွှေပါ။ ပြီးလျှင် နှမ်းနဲ့ မြေပဲများ ဆီနဲ့လုံးသွားလျှင် ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပါ။ ထမနဲထိုးရန် ဒယ်အိုးထဲ ဆီ ၁၀၀ မီလီလီတာ ထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ချင်း ၁၅၀ ဂရမ်ကိုထည့်မွှေပါ။ ချင်းနံ့လေးမွှေးပြီး အရောင်ရလာလျှင် ရေ ၁ လီတာကိုထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာရင် ကောက်ညှင်းဆန်ထည့်ပါ။ အနည်းငယ် မွှေပါ။ ပြီးလျှင် ရေ ၂၀၀ မီလီလီတာ ထပ်ထည့်ပြီး မွှေပါ။ ပြီးလျှင် အဖုံးအုပ်ပြီး ၃၀ မိနစ်ခန့် နှပ်ထားပါ။ ကောက်ညှင်းဆန် ကျက်လာသည်အထိ ရေအနည်းငယ်ထည့်ပြီးမွှေပါ။ ပြီးလျှင် ကျန်တဲ့ ချင်း ၁၀၀ ဂရမ်နဲ့ ဆီ ၁၀၀ မီလီလီတာ ကိုထည့်ပြီး အဖုံးပြန်အုပ်ထားပါ။ အနည်းငယ်ကြာပြီးလျှင် ဆားထည့်ပါ။ နှမ်းအမည်းထည့်ပါ။ ပြီးလျှင် ယောက်မဖြင့် ထိုးမွှေပါ။ ကောက်ညှင်းဆန်များကျက်ပြီး လုံးထွေးလာသည်အထိ အဆက်မပြတ်ထိုးမွှေပေးပါ။ ရပြီဆိုလျှင် ဆီသုတ်ထားတဲ့ ဗန်းထဲ ထည့်ပြီး အအေးခံထားပါ။ အေးသွားပြီဆိုလျှင် ကိုယ့်လိုချင်တဲ့ ပုံစံညှပ်ပြီး အုန်းသီးဖတ်ကြော်၊ နှမ်းမြေပဲလှော်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။ #Taste_Window_Food_Magazine #Half_Potato_Food_Television #MAMA #InstantNoodles #TinTinOo #ထမနဲ #မြန်မာမုန့်ခရီးစဉ်(၂) #မုန့်လုပ်နည်းများ