У нас вы можете посмотреть бесплатно Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ သေ့ဘောဘိုးတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ် မသိမ်းပိုက်ခင် အပြင်းအထန် ထိုးစစ်ဆင်နေတဲ့အချိန် စစ်ကောင်စီဟာ သူတို့စခန်းမကျအောင် လေယာဉ်နဲ့ ဗုံးကျဲခဲ့တုန်းက သူတို့စစ်တပ်အဖွဲ့တွေပေါ်ကို ဗုံးမှားကျဲတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ဟာ အသီးသီး သေကုန်ခဲ့ကြပြီး စခန်းကိုသိမ်းပိုက်ရရှိတဲ့ အချိန်မှာလည်း လက်နက်ခဲယမ်းတွေကို တောင်ပုံယာပုံရရှိထားတယ်လို့ ထိုင်း-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်တဲ့အခါ စစ်တပ်ထဲမှာ ရှိနေတုန်းကလို သေမည့်နေ့ကို ထိုင်စောင့်နေရသလို မဟုတ်တော့ပဲ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့်ရှိသွားတယ်ဆိုပြီး အလင်းဝင် လာတဲ့ စစ်မှုထမ်းတပ်သား မောင်ဖြိုး နဲ့ ဇင်ကိုကို ဆိုသူတို့က အသီးသီး ပြောဆိုထားကြပါတယ်။ -ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပိတောက်မြိုင်ကျေးရွာမှာ ဝင်ရောက် ပေါ်တာဆွဲတဲ့ အကြမ်းဖက် စစ်ကေင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦးကတော့ အသီးသီးသေကုန်ကြပြီးနောက် အဲဒီစစ်ကြောင်းဟာ ပြန်ဆုတ် ပြေးသွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။