У нас вы можете посмотреть бесплатно တရုတ်ခေါင်းဆောင်ကြီးမော်စီတုံးဘဝ အတက်အကျ အလှည့်အပြောင်းများ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မော်စီတုံး (သို့မဟုတ်) ဥက္ကဌကြီးမော် လို့ သမိုင်းတွင် လူသိများ ကျော်ကြားခဲ့သူတစ်ဦးက ၁၈၉၃ ခုနှစ်၊ ဒီဇင်ဘာ လ(၂၆) ရက်နေ့မှာ တရုတ်နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်၊ ရှောင်ရှန်းရွာကလေးမှာ မွေးဖွားခဲ့ပါတယ်။ အဖေ ဖြစ်သူက မော်ရီချန်း ဖြစ်ပါတယ်။ အဖေဖြစ်သူက ဆင်ရဲနွမ်းပါးလွန်းလှတဲ့ တောင်သူလယ်သမား မိသားစုမှာ ကြီး ပြင်းလာခဲ့သူ ဖြစ်ပါတယ်။ သို့သော် သူ့ရဲ့လူငယ်ဘဝအခိုက်အတန့်ကာလတစ်ခုလောက်ထိ ချာန်(Xing) စစ်တပ်မှာ စစ်မှုထမ်းပြီး သူဇာတိမြေသို့ ပြန်လာကာ လယ်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ အချိန်တိုအတွင်း မှာတင် ငွေချေး လုပ်ငန်းလုပ်ကိုင်နိုင်ဖို့ အရင်းအနှီးအလုံအလောက်ရလာခဲ့ပါတယ်။ ဒီလိုနဲ့ ငွေချေးလုပ်ငန်းရယ် တောင်သူလယ် သမားအလုပ်ရယ် လုပ်ငန်းနှစ်ခုပေါင်းပြီး လုပ်ကိုင်ခဲ့ရာ ရှောင်ရှန်း ဒေသအတွင်း လူချမ်းသာ လယ်သမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ မြေဧက (၂၀) ခန့်လည်း ပိုင်ဆိုင် လာခဲ့ပါတယ်။ မော် မိခင် ဖြစ်သူက ဝန်ရှီမေ (Wen Qimei) ဖြစ်ပါတယ်။ ဝန်ရှိမေ အဖေဖြစ်သူက ဖိနပ်ချုပ်သမားတစ်ဦး ဖြစ်တာကြောင့် ဝန်ရှိမေ အဖို့ ဘဝကို ခက်ခက်ခဲခဲ ကြီးပြင်းလာခဲ့ရသူလို့ ဆိုရမှာပါ။ ဝန်ရှီမေ ဖခင်ဖြစ်သူက အရက်သမားကြီး တစ်ဦးပါ။ ဝန်ရှီမေ အမေဖြစ်သူက မယားငယ် (အမြှောင်မယား) ဖြစ်ပါတယ်။ မော်ရဲ့ကလေးဘဝကလည်း ကလေးတစ် ယောက်ရ သင့် ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့ရတာတော့ မဟုတ်ပါ။ ဖခင်ဖြစ်သူက စည်းကမ်းတင်းကျပ်လွန်းတယ်ဆိုတာထက် အလိုမကျရင် မကျသလို့ မော်အပါအဝင် သူ့မွေးချင်း သုံးယောက်ရှိရာ ရိုက်နှက်ဆုံးမခံရတာမျိုးက ဘဝဒဏ်ရာဒဏ်ချက်တွေအဖြစ် ဆိုးဆိုးရွားရွား ရှိနေမှာပါ။ မိခင်ဖြစ်သူက ဒေါသနဲ့ ပေါက်ကွဲပြီး သူ့ကလေးတွေကို အကာအကွယ်ပေးဖို့ ကြိုးစားခဲ့လေသမျှ အောင်မြင်မှုက မရှိသလောက်သာ ဖြစ်ပါ တယ်။ မော် ကလေး ဘဝက အမေဖြစ်သူရဲ့ ဘာသာတရား ဖြစ်တဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှုရှိခဲ့ပေမယ့် မော် အသက်(၈) နှစ်သား လောက်မှာ ဘာသာတရားနဲ့ ကင်းကွာ သွားခဲ့ပါတယ်။ ခေတ်က (၂၀) ရာစု အာရုံဦးသို့ ရောက်လာခဲ့ပါပြီ။ မော်ကို ရှောင်ရှန်း ရွာကလေးရဲ့ မူလတန်း ကေျာင်းကို ပို့လိုက်ပါတယ်။ သူ့ခေတ် တရုတ်ပြည် ပညာရေးက ကွန်ဖြူးရှပ်အတွေးအခေါ်တွေကိုဗဟိုပြုပြီး ရာစုနှစ်ချီ တရုတ်ရှေးဟောင်းတန်ဖိုးတွေနဲ့အတူ အရှေ့ ဖျားတရုတ်ရိုးရာ တန်ဖိုးတွေ ပေါင်းစပ်ထားတဲ့ တရုတ်ရိုးရာ သင်ကြားမှုတွေ ဖြစ်ပါတယ်။ အရှိန်အဝါကြီးလာ နေတဲ့ အနောက်တိုင်းရဲ့ ကျူးကျော်လာနိုင်ဖွယ် မီးပွားမီးစတွေ ပါဝင်ခဲ့သလို ၁၉၀၀ ခုနှစ်မှာ တကယ်ပဲ တရုတ် နိုင်ငံဟာ အနောက်ဥရောပတို့ ကျူးကျော်မှုကို ရှောင်လွှဲမရနိုင်ခဲ့ပါ။ ======================= Music: Triste Cumbia by Cumbia Deli A Time Forgotten A Time Forgotten by Darren Curtis | https://www.darrencurtismusic.com/ Music promoted on https://www.chosic.com/free-music/all/ Creative Commons Attribution 3.0 Unported (CC BY 3.0) https://creativecommons.org/licenses/... ======================= Ref : • Chairman Mao: The Rise & Fall Of Mao ... • Communist China: The Great Leap Forward https://en.wikipedia.org/wiki/Mao_Zedong Recommendation: • ထိုင်ဝမ်က ဘာကြောင့် အမေရိကန်အရေး ဖြစ်...