У нас вы можете посмотреть бесплатно Pre-Diabetes အကြိုဆီးချို или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အကြိုဆီးချို Pre-Diabetes သွေးချို ဆီးချို လူနာများတွင် စဉ်းစားစရာတခုရှိပါတယ်။ အဲ့ဒါကတော့ ရောဂါလက္ခဏာများ မပေါ်ပေါက်လာခင် ကြိုတင်သိရှိနိုင်လား!! ဆိုတဲ့ အတွေးပါ။ အဖြေကတော့ ဟုတ်ကဲ့ လက္ခဏာများ အပေါ်ပေါက်လာခင် ကြိုတင်စစ်ဆေးပီး ဆီးချို ဖြစ်နိုင်ခြေ ရှိ/မရှိ ကို သိရှိနိုင်ပါတယ်။ ဒီအကြောင်းအရာကို သွေးချို ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ အထူးကု ပါမောက္ခ ဒေါက်တာ ဒေါ်သန်းသန်းအေး (Prof Dr Than Than Aye), Grand Hantha International Hospital မှ ရှင်းပြထားမှုကို တင်ဆက်ပေးလိုက်ပါသည်။ ဆရာမကြီး၏ ပြောကြားချက်များမှ မှတ်သားစရာအချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါသည်။ ၁။ BMI (Body Mass Index) ကိုယ်အလေးချိန် ညွှန်းကိန်းကို ပုံမှန်ဖြစ်အောင် ဂရုစိုက်ရန် ၂။ Lifestyle (အစားအသောက်၊ ကိုယ်လက် လှုပ်ရှားမှု၊ ရေသောက်သုံးမှု၊ အိပ်ချိန်) ကို ဂရုစိုက်ရန် ၃။ စောစော ကာကွယ်နိုင်ရင် (Pre-Diabetes Stage ကို ကြိုသိလျင်) ဆီးချို ဖြစ်နိုင်မှု အခြေအနေကို နောက်ကျစေပီး ဆီးချိုနှင့် ပတ်သက်သော နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ဖြစ်နိုင်မှုနှုန်း ကျဆင်းစေပါသည် ၄။ ကြိုတင်သိရှိနိုင်ရန် Pre-Diabetes Program များလည်း ရှိနေပါသည်။ ၅။ ဆီးချိုမဖြစ်ခင် အချိန် (၅) နှစ်လောက် စောပီး Pre-diabetes ကိုသိရှိနိုင်ပါသည် ၆။ စမ်းသပ်စစ်ဆေးမှု အနေဖြင့် လက်ထိပ်ဆီးချို စစ်ဆေးခြင်း သို့ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့်လည်းကောင်း၊ OGTT (Oral Glucose Tolerance Test) ဖြင့်လည်းကောင်း၊ HbA1c/ Insulin စစ်ဆေးခြင်း စသည်တို့ဖြင့် တိုင်းတာနိုင်သည်။ ၇။ အသက် ၃၀ ကျော်၊ မိသားစုတွင် ဆီးချိုရှိသူ၊ သွေးတိုး ရောဂါရှိသူ၊ ခန္ဓာကိုယ် အဝလွန်သူ၊ ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ဖူးသူများ ကြိုတင် စစ်ဆေးသင့်ပါသည်။ အခြားသိရှိလိုသော အကြောင်းအရာများကိုလည်း အောက်မှာ comments ပေးထားခဲ့လိုရပါသည်။ နောင် ဗီဒီယိုများတွင် ထည့်သွင်း မေးမြန်းပေးသွားမည် ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်