У нас вы можете посмотреть бесплатно ဆီးချိုလူနာများအတွက် ပဲကုလားဟင်း နဲ့ အာဟာရပြည့်ဝတဲ့ ငါးပေါင်းဟင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဆီးချိုရောဂါရှိနေသူများ သို့မဟုတ် ကာကွယ်ရန်ကြိုးစားနေသူများအနေဖြင့် အထူးအစားအစာစီမံချက်တစ်ခုကို လိုက်နာရန်ထက် မိမိစားသောက်မည့် အစားအစာများကို သတိထားရွေးချယ်ရပါမည်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေသော အစားအစာများကို လျှော့ချပြီး သကြားဓာတ်ကို ထိန်းညှိပေးနိုင်သော အစားအစာများကို ပိုမိုစားသုံးခြင်းကို အကြံပြုလိုပါသည်။ လွယ်ကူစွာပြင်ဆင်နိုင်တဲ့ ပဲကုလားဟင်း နဲ့ အာဟာရပြည့်ဝတဲ့ ငါးပေါင်းဟင်းတစ်မျိုးကို ဆီးချိုလူနာများ ဗဟုသုတရရှိစေရန် ရွေးချယ်ထားပါတယ်။ ဆီးချိုရောဂါသည်တွေဟာ ပဲကုလားဟင်းထဲက အာလူးကို ထမင်းနဲ့တွဲစားတတ်ကြပါတယ်။ ဒီလိုစားတဲ့အခါ ထမင်းကရတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အာလူးကရတဲ့ ကာဗိုဟိုက်ဒရိတ်နှစ်မျိုးလုံး သွေးထဲစုပ်ယူသွားတာကို သတိထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပဲကုလားဟင်းထဲက အာလူးကို ထမင်းနဲ့တွဲစားတဲ့အခါ ထမင်းကို ၂-၃ ဇွန်း လျှော့စားဖို့ အကြံပြုချင်ပါတယ်။ ပဲကုလားနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာသည် သက်သတ်လွတ်စားသုံးလိုသော ဆီးချိုရောဂါရှင်များအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါသည်။ အသားကို ရှောင်ကြဉ်သူများအတွက် ဤကဲ့သို့သော ဟင်းလျာသည် ပြင်ဆင်ရလွယ်ကူပြီး ဝါးရလွယ်ကာ ပရိုတင်းဓာတ်ပြည့်ဝသောကြောင့် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။ တစ်ပန်းကန်လျှင် ပရိုတင်း ၁၆ ဂရမ်ခန့်ပါဝင်သော ပဲကုလားများသည် တစ်နေ့တာ လိုအပ်သော ပရိုတင်းဓာတ်၏ သိသာထင်ရှားသော အစိတ်အပိုင်းကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ခရမ်းသီးတွင် ခရမ်းရောင်ကို ဖြစ်ပေါ်စေသော အန်သိုဆိုင်ယာနင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ၎င်းတို့သည် အန်တီအောက်ဆီးဒင့်အဖြစ်လည်းကောင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သော အစွမ်းသတ္တိရှိသည်လည်းကောင်း ဖြစ်ပါသည်။ ထို့ကြောင့် ဤဟင်းလျာတစ်ခုတည်းဖြင့်ပင် ပရိုတင်းဓာတ်နှင့် အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ ဗဟုသုတရရှိစေမည့် အကြောင်းအရာကို အာဟာရအထူးပြု ဒေါက်တာမေဖူးဇွန်မှ ပြည့်ပြည့်စုံစုံရှင်းပြပေးထားလို့ အရမ်းအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ WeCare Diabetes Platform: https://joinwecare.com/download