У нас вы можете посмотреть бесплатно ပူရီ နဲ့ အာလူးဟင်း ချက်နည်း Poori and potato curry или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ပါဝင်ပစ္စည်းများ 1. ဂျုံမှုန့် ............... ၁၄၀ ဂရမ် ( အာတာမှုန့်/ အစုံသုံးဂျုံမှုန့် နှစ်သက်ရာ) 2. ရေ ................... ၇၀ မီလီမီတာ*** လိုတိုးပိုလျှော့ လုပ်ရန် 3, ဆား .................အနည်းငယ် 4. နို့ဆီ .............၁ လက်ဘက်ရည်ဇွန်း 5. ဆီ......................... ၁/၄ လက်ဘက်ရည်ဇွန်း 6. ကြော်ရန် ဆီ .......၃ လက္မ အနက် 7. ဂျုံမှုန့် အပို............ ၁/၂ ခွက် မကပ်အောင်ဖြူးရန် ပူရီ ဖောင်းရခြင်းအကြောင်းရင်းက ဂျုံပြားရဲ့ အတွင်းဘက်မှာရှိတဲ့ ရေငွေ့က ဆီအပူကြောင့် တဟုန်ထိုး ပွ တက်လာလို့ ဖြစ်ပါတယ်။ ဆီ အပူချိန်က လျှော့နေရင် ရေငွေ့က အားကောင်းကောင်းနဲ့ အငွေ့မပျံတော့ ပူရီ မဖောင်းဘူးပေါ့။ ဂျုံပြားကို ဆီပူထဲနှစ်ပေးတာ ဆီပတ်ပေးတာတို့က ဖောင်းဘို့အတွက်လိုအပ်တဲ့ အမြင့်ဆုံးအပူချိန်ကို ရအောင် လုပ်ပေးတာဖြစ်ပါတယ်။ တကယ်ကတော့ လိုအပ်တဲ့ ဆီအပူချိန်ရရင် ဆီထဲ ထည့်လိုက်တာနဲ့ ဘာမှ လုပ်စရာ မလိုဘဲ သူ့ဘာသာ ဖောင်းတက်လာပါလိမ့်မယ်။ • ပူရီကြော်မည့် ဆီအပူချိန်မြင့်ရပါမယ်။ • ဂျုံပြား အချပ်လေးတွေ မထူမပါး ဖြစ်ရပါမယ်။ သိတ်ထူရင် ဖောင်းတက်မလာသလို သိတ်ပါးရင် ဖောင်းပေမဲ့ အပေါက်ကနေ ရေငွေ့ထွက်သွားလို့ လုံးလုံးဖောင်းဖောင်းလေး မဖြစ်တော့ဘူး။ ဂျုံကို ခပ်ကြာကြာလေး နယ်ပေးရင် အပေါက် မဖြစ်တတ်ဘူး။ • ဂျုံပြားလေးတွေ ကြိုတင်လုပ်ထားလို့ လေသလပ်ပီး ခြောက်သွားရင်လည်း ပူရီ မဖောင်းပါဘူး။ • ဆီပူထဲ ချလိုက်တာနဲ့ တန်းဖောင်းရမှာပါ။ ဆက်မဖောင်းတော့ဘဲ တန့်နေရင် ပူရီကို ပြောင်းပြန်လှန်ပေးလိုက်ပါ။ အချိန်မှီရင် ပြန်ဖောင်းလာပါလိမ့်မည်။