У нас вы можете посмотреть бесплатно Khit Thit Evening News | March 5, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ မတ် ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပိုမိုပြင်းထန်စွာ ချမှတ်မယ့် အမေရိကန်ရဲ့ BRAVE Burma Act ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်ဆီ အမတ် ၄ ဦးက တင်သွင်းလိုက်ပြီး ၊ အောက်လွှတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့အတွက် အထက် လွှတ်တော်ကို ဥပဒေကြမ်း ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက် စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်တယ်ဆိုပြီး ပြောဆိုနေပေမယ့် စက်သုံးဆီဆိုင်တွေမှာတော့ ဆီကို လိုသလောက်ဝယ်လို့ မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်တယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က ဧပြီလ ၁ ရက်နေ့ကစပြီး (CEIR) စနစ်ကို အသုံးပြုပြီး ဖုန်းအသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စောင့်ကြည့်မယ့်အပြင် ဖုန်းဟန်းဆက်တွေ ကိုလည်း အခွန်ကောက်တော့ မယ်လို့ စစ်တပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အီရန်နိုင်ငံ အပေါ် ‘ဒုံးကျည်မိုးတွေ ရွာချ’ ပြီး ‘အပြတ်ချေမှုန်းမယ်’ လို့ အမေရိကန်က သတိပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။