У нас вы можете посмотреть бесплатно အတွင်းတိမ်အခမဲ့ ခွဲစိတ်ပေးမှုကို ရောဂါအနုအရင့်ပေါ် မူတည်၍ ရွေးချယ် ခွဲစိတ်မှုစရိတ်အခမဲ့ခွဲစိတ်ပေးမည или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အတွင်းတိမ်အခမဲ့ ခွဲစိတ်ပေးမှုကို ရောဂါအနုအရင့်ပေါ် မူတည်၍ ရွေးချယ်မှာဖြစ်ပြီး ခွဲစိတ်မှုကုန်ကျစရိတ်တစ်ခုထဲသာ အခမဲ့ ခွဲစိတ်ပေးမည် 13 Oct 2025 Mandalay Info မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၃လမ်း၊ ၃၁လမ်း နှင့် ၃၂လမ်းကြားရှိ ဒေါက်တာကိုလေး မျက်စိအထူးကုဆေးတိုက်မိသားစု၊ ဒေါက်တာကိုလေးကျန်းမာရေးနှင့်ပညာရေးမြှင့်တင်စောင့်ရှောက်မှုအသင်းက ၂၀၂၅ခုနှစ် နိုဝင်ဘာ (၁)ရက်တွင် နွမ်းပါးသော မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ပြီး အဆိုပါ အခမဲ့ ခွဲစိတ်ပေးမှုတွင် ခွဲစိတ်မှုကုန်ကျစရိတ်တစ်ခုထဲကိုသာ အခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောပါတယ်။ အဆိုပါ အခမဲ့အစီအစဥ်တွင် ၂၀၂၅ခုနှစ် နိုဝင်ဘာ ၁ရက်မှစတင်၍ လစဥ်လတိုင်း ဒေါက်တာကိုလေးမိသားစု၏ ရန်ပုံငွေဖြင့် နွမ်းပါးသော မျက်စိအတွင်းတိမ်လူနာ (၈)ဦးအား အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ပြီး ကုသိုလ်ရှင်၊ စေတနာရှင်များ ပါဝင်လှူဒါန်းမှုများရှိပါက လူနာဦးရေတိုး၍ အခမဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နွမ်းပါးသော မျက်စိအတွင်းတိမ်လူနာများအား အခမဲ့ ခွဲစိတ်လိုပါက ဒေါက်တာကိုလေး မျက်စိအထူးကုဆေးတိုက်ဖုန်း 09981006755092059039၊ 09662126966 သို့ ဆက်သွယ်စုံစမ်းနိုင်တယ်။ ကုသိုလ်ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ရိုးမဘဏ်အကောင့် 004145488006152 (Dr Win Hlaing and Daw Sabai Ko Lay) ကိုဖြစ်စေ အထက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်၍ Kpay ဖြင့်ဖြစ်စေ မိမိစွမ်းသလောက် သဒ္ဒါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီးဖြစ်ပါတယ် #MandalayInfo #Mandalay_Info #မျက်စိအတွင်းတိမ်အခမဲ့ခွဲစိတ်ခြင်း #ဒေါက်တာကိုလေး #ဒေါက်တာကိုလေးကျန်းမာရေးနှင့်ပညာရေးမြှင့်တင်စောင့်ရှောက်မှုအသင်း