У нас вы можете посмотреть бесплатно Resume & Portfolio မှာ ဆောင်ရန် ရှောင်ရန်အချက်အလက်များ | FB Live 3 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အဓိကပြောမယ့် အကြောင်းအရာကတော့ …….. ပြီးခဲ့တဲ့ အပတ်က တင်ပေးခဲ့တဲ့ Interior Designer + Drafter အလုပ်မှာ ဝင်ရောက်လျှောက်ထားကြတဲ့ Candidates ၇၃ ယောက်ရဲ့ Resume & Portfolio တွေအကြောင်းကို ပြောမှာပါ။ သူတို့တင်လိုက်တဲ့ အီးမေးတွေကို ကျွန်တော်သေချာလေးဖတ်ထားပါတယ်။ အဲ့အထဲမှာ ကျွန်တော်မြင်မိတဲ့ သူတို့ရဲ့ Resume & Portfolio တွေရဲ့ ကောင်းကွက်တွေ၊ လိုအပ်ချက်တွေကို အပြုသဘောဆောင်တဲ့၊ ပိုကောင်းစေချင်တဲ့ မှတ်ချက်လေးတွေကို ပြောပြပေးသွားမှာပါ။ မြင်ထားမိသမျှ လိုအပ်ချက်တွေကိုလည်း အချက်အလက်တွေနှင့် ချရေးထားပါတယ်။ အတော်များပါတယ် ပြောရမှာတွေက။ 😁😅 Privacy အရ နာမည်တွေတပ်ပြီး ပြောသွားမှာတော့ မဟုတ်ပါဘူး။ ဒီ့အပြင် ဘယ်သူ့နာမည်မှ ပါမှာလည်းမဟုတ်သလို သူလက်ရှိဘယ်အလုပ်မှာ လုပ်နေပါတယ်ဆိုတာတွေရော၊ ကုမ္ပဏီရဲ့ အချက်အလက်တွေကိုပါ ထည့်ပြောသွားမှာ မဟုတ်ပါဘူး။ စောင့်ထိန်းရမယ့် ဝတ္တရားတွေကို ကျွန်တော်နားလည်ပါတယ်။ စိတ်မပူကြပါနဲ့။ အရင်ကတော့ နီးစပ်တဲ့သူတွေက ကျွန်တော့်ဆီ သူတို့ရဲ့ Resume or Portfolio ကိုပို့ပေးပြီး လိုအပ်တာလေးတွေ ပြောပြပေးဖို့ လုပ်ခဲ့ဖူးပါတယ်။ ဒါကတော့ သူတစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ ကောင်းကွက်နှင့် လိုအပ်ချက်ကိုပဲ သူသိရတာပေါ့။ အခုတစ်ခေါက်မှာတော့ လူအားလုံးပေါင်းပြီး သူတို့ရဲ့ အဓိကလိုအပ်ချက်ကအစ၊ တွေ့မိတဲ့ အသေးအမွှားသော ပြင်ဆင်စရာရှိတာတွေကို တပြိုင်နက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ အဲ့အတွက်လည်း ပိုပြီးလည်း မှတ်သားစရာ၊ ရှောင်ကျဉ်စရာတွေကိုလည်း ကြားနာ သိမှတ်ရမှာ အသေအချာပါပဲ။ ကျွန်တော်ပြောပြတဲ့ အထဲက ဒါကတော့ ကိုယ့်ရဲ့ Portfolio ကို mention လုပ်လိုက်တာပါလားဆိုတာကိုလည်း နားထောင်ရင်း ကြည့်ရင်း သိလာပါလိမ့်မယ်။ အရင်တစ်ခေါက်က ကျွန်တော် Portfolio အကြောင်းကို Content တစ်ခုလုပ်ပေးပါ့မယ်လို့ ပြောထားခဲ့ပါတယ်။ အဲ့အကြောင်းအရာကို အခု Live ထဲမှာ အနည်းနှင့်အများထည့်ပြောပေးသွားပါမယ်။ အားလုံးအတွက်လည်း အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ #resume #portfolio #burmese #myanmar #job #jobs #sg #singapore