У нас вы можете посмотреть бесплатно မုန့်ဟင်းခါး (သဘာဝ ငါးအရသာအချိုနဲ့ပြုလုပ်ထားတဲ့) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မုန့်ဟင်းခါး (သဘာဝ ငါးအရသာအချိုနဲ့ပြုလုပ်ထားတဲ့) မုန့်ဟင်းခါးဆိုတာ မြန်မာလူမျိုးတွေတင်ကြိုက်တာမဟုတ်ဘူးနော်။ Burma cuisine တွေရောက်ရင် အခြားလူမျိုးတွေ အကြိုက်ဆုံးထဲမှာ မုန့်ဟင်းခါးကလဲထိပ်ဆုံးမှာပါပါတယ်။ မုန့်ဟင်းခါးကို menu တွေမှာဆိုရင် Catfish Chowder လို့လဲခေါ်သလို မြန်မာလိုအသံထွက်အတိုင်း Mohinga ဆိုပြီးလဲရေးထားတတ်ကြပါတယ်။ အခုတခေါက်မှာတော့ သဘာဝ ငါးအရသာအချိုနဲ့ ပြုလုပ်ထားပြီး ဟင်းချိုမှုန့်အချိုမဟုတ်တဲ့ မုန့်ဟင်းခါးကောင်းကောင်းတပွဲကို ဘယ်လိုလုပ်လဲဆိုတာလုပ်ပြမှာပဲဖြစ်ပါတယ်။ မုန့်ဟင်းခါးအချိုအတွက်ဆိုရင် ငါးအရိုးကိုထောင်းပြီးအရည်ကိုထည့်ရပါတယ်။ ကြက်သွန်ဥထည့်ရပါတယ်။ အဲ့တာဆိုရင် သဘာဝအတိုင်းချိုနေတဲ့ မုန့်ဟင်းခါးကောင်းကောင်းရရှိမှာပဲဖြစ်ပါတယ်။ ဒီနည်းလေးကိုတော့ အိစံတို့ အိမ်မှာဘုရားပွဲလုပ်တိုင်း မုန့်ဟင်းခါးအသည်ကို ခေါ်ချက်လို့ အဲ့ဒီမုန့်ဟင်းခါးအသယ်ဆီကနေရတာပဲဖြစ်ပါတယ်။ အခုခေတ်လို ဟင်းချိုမှုန့်အချိုမဟုတ်ပဲ သဘာဝအတိုင်းချိုနေတဲ့ မုန့်ဟင်းခါးကောင်းကောင်းလေး ဘယ်လိုလုပ်ရလဲဆိုတာ Video လေးကို ကြည့်ကြည့်လိုက်နော်။ ပါဝင်သောပစ္စည်းများ (မုန့်ဖတ် ၁ ပိဿာခွဲ အတွက်) ၁။ ငါးခူ - ၅၀ ကျပ်သား ၂။ စပါးလင် - ၂ ချောင်း ၃။ ကြက်သွန်ဖြူ - ၅ မွှာ ၄။ ဆနွင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၅။ အရောင်တင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း ၆။ ကြက်သွန်နီဥ - အသေး ၁၀ ဥ၊ အကြီး ၅ ဥ ၇။ ငှက်ပျောအူ - လိုသလောက် ၈။ ငါးငံပြာရည် - ထမင်းစားဇွန်း ၁၅ ဇွန်း ၉။ သကြား (သို့) အချိုမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လဲရ) ၁၀။ ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လဲရ) ၁၁။ ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လဲရ) ၁၂။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း (ကြက်သွန်ဖြူ/နီဆီချက်မထည့်ရင် ဆီ ထမင်းစားဇွန်း ၈ ဇွန်း ထည့်ပါ။) ၁၃။ မွှေး ဆန်အကျက်မှုန့် - ထမင်းစားဇွန်း ၁၀ ဇွန်း (သို့) ၁ ထုပ် (၁၅၀ ဂရမ်) (ဟင်းရည်ပျစ်ပျစ်လေးကြိုက်ရင် ၁ ထုပ်လုံးထည့်ပါ။) ၁၄။ ပဲအကျက်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း ၁၅။ ရွှေကြည်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း (ရွှေကြည်မှုန့် မထည့်ချင်ရင် ရွှေကြည်မှုန့် အစား ပဲအကျက်မှုန့်ထည့်ပါ။) ၁၆။ ရေ - ၅ လီတာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml) (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)