У нас вы можете посмотреть бесплатно PVTV Daily News (28 February 2026) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် စနေနေ့အတွက် တင်ဆက်ပေးမယ့် သတင်းခေါင်းစဉ်တွေကတော့..... အမျိုးသားညီညွတ်ရေးအစိုးရနဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့တဲ့ သတင်း၊ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်/ဒေသလွှတ်တော်တွေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီတွေရဲ့ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်း၊ -အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်ရေး ရပ်တန့်ထားမှုကို ပြန်လည်ရုပ်သိမ်း လိုက်တယ် လို့ CDM ကျန်းမာရေးကွန်ယက် ထုတ်ပြန်လိုက်တဲ့ သတင်း၊ အကြမ်းဖက်စစ်အုပ်စုက တောင်သူလယ်သမားတွေအပေါ် တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မြောက်တယ်လို့ ထုတ်ပြန်ခဲ့တဲ့ သတင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) က အထက်မင်းလှမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ရေနံချက် စက်ရုံ နဲ့ ကပစ ၂ ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ သတင်း၊ စစ်ကိုင်း ကံတလူ အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ ဒီနေ့အတွက် မြန်မာနိုင်ငံတဝှမ်းက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်တဲ့ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြလူထုသပိတ် သတင်းတွေပဲဖြစ်ပါတယ်။ #SpringRevolution #PVTVMyanmar #PVTVDailyNews #WhatisHappeninginMyamar