У нас вы можете посмотреть бесплатно မကွေးမြသလွန် စေတီတော်မြတ်ကြီး၊ (Myathalun Pagoda) မကွေးမြို့၊ Magway City. или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မကွေးမြသလွန်ဘုရားသည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့၏ အနောက်မြောက် ဘက်အစွန် ဧရာဝတီမြစ်ကမ်းဘေး နဂုတ္တမ တောင်ကုန်းပေါ်တွင်တည်ရှိသည်။ မကွေးမြ သလွန် မလွန်မြသပိတ် ဟု ဆိုရိုးရှိသည့်အတိုင်း မြန်မာနိုင်ငံ တန်ခိုးကြီးဘုရားများတွင် မြ သလွန် ဘုရားလည်း အပါအဝင် ဖြစ်သည်။ လုံးတော်ပြည့် ရွှေချထားသည့် ဘုရားတစ်ဆူ ဖြစ်ပြီး စုစုပေါင်း အချပ်ရေမှာ "ဒွေးအစ်အ ဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး " ဟု ဆိုစကားရှိသည်။(၂၁၈၃၄၆၇) ချပ် ရှိပါတယ်၊ သမိုင်းကြောင်း သမိုင်းအဆိုအရ မြသလွန်ဘုရားသည် ကဿပဘုရား၏ ရွှေသလွန်တော်နှင့် ဂေါတမ မြတ်စွာဘုရား၏ မြသလွန်တော်တို့ကို ဌာပနာ၍တည်ထားသည်ဟု ဆိုသည်။ မဟာ သက္ကရာဇ် ၁၅ဝ ပြည့်နှစ်မှာ ရသေ့ကြီး သုံးဦးနဲ့အတူ သိကြားမင်း၊ သူဌေးကြီး သမီး သုဏ္ဏဝတီ နဲ့ သားမက်ဘောကျော်တို့က ရွှေသလွန်တော် နဲ့ မြသသလွန်တော်တို့ကို ဌာပ နာပြီး စေတီတည် ကြပါတယ်။ ပထမဆုံးအကြိမ်တည်တဲ့ စေတီတော်မှာ အမြင့် သံတော င် ၃၅ တောင်ရှိပါတယ်။ မြသ လွန်စေတီကို ပထမဆုံးအကြိမ် တည်ခြင်းဖြစ်ပါတယ်။ ထို့အပြင် ပုဂံခေတ်၊ သက္ကရာဇတ် ၄၂၁ ခုနှစ်မှာ နန်းတက်တဲ့ စောလူးမင်းက သံတောင် ၅၅ တောင်မြင့်တဲ့ မြသလွန် စေတီတော်ကို ဒုတိယအကြိမ် ထပ်မံပြုပြင် ပြီးတည်ခဲ့ကြ ပါတယ်။ သီရိဃဏ္ဍခေါင်းလောင်း စေတီရင်ပြင် တနင်္ဂနွေထောင့်တွင် ချိတ်ဆွဲလှူဒါန်းထားသော ခေါင်းလောင်းက သီရိဃဏ္ဍ ခေါင်းလောင်း ဖြစ်ပြီး ယင်းကို ၁၈ အောက်တိုဘာ ၁၈၄၆ သာယာဝတီမင်းလက် ထက် တွင် မကွေးမြို့သူကြီး မောင်ရွှေပြည့်က ချိတ်ဆွဲလှူဒါန်းသည်။ ခေါင်းလောင်းစာ စီကုံးရေး သားသူမှာ ရှင်ပညာတိက္ခ ဖြစ်သည်။ ဘုရားပွဲတော် မကွေးမြို့ မြသလွန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ်လပြည့် ကျော် ၈ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ #မကွေးမြသလွန် စေတီတော်မြတ်ကြီး #Pagoda #Magway City #Buddha #မကွေး #Myanmar #မြန်မာ