У нас вы можете посмотреть бесплатно သင်္ကန်းနဲ့ လူမိုက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အချိန်ဟာ နေဝင်ရီတရောဖြစ်နေပြီ။ ဒီအချိန် ကျောက်စွန်းရွာဆီကို အရှိန်ပြင်းပြင်းနဲ့ လမ်းတစ်လျှောက်ဖုန်တထောင်းထောင်ထအောင် မြင်းတစ်ကောင်ကို အပြင်းစီးနင်းလာတဲ့ လူတစ်ယောက်။ သူ့ပုံစံက အလွန်အမင်း အလောတကြီးရှိနေပြီး မြင်းကို အရှိန်ပြင်းစွာ စီးနင်းလာတာမို့ ကိုယ်ကိုလည်း လေခွင်းအားကောင်းအောင် အရှေ့ဆီ ကိုင်းညွှတ်လို့ ရှိနေပါတယ်။ ' ကိုကြီးတောက်ထိန် ကိစ္စကို အရီးလေးသိရင်တော့ စိတ်ညစ်ရဦးမှာပါပဲ...' သူ့ပါးစပ်က တွင်တွင် ရွတ်နေတဲ့ စကားသံ။ သူ့နာမည်ကတော့ သီဟလို့ မည်တွင်ပါရဲ့...။ ****** တောက်ထိန်ရဲ့ အိမ်အရှေ့ဆီမှာ မြင်းကို ရပ်တန့်လိုက်ပြီး သီဟ အလျင်အမြန်ပဲ ခုန်ဆင်းလိုက်တယ်။ ' အရီးလေး...အရီးလေး...' သီဟရဲ့ နှုတ်ဆီက တဖွဖွခေါ်နေသံက ပတ်ဝန်းကျင်အိမ်တွေဆီကပါ ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ' အေးဟေ့...ဘယ်သူလဲ...' အိမ်ထဲက အရီးငွေစိန်က အိမ်ထဲကနေ ပြန်မေးလာတယ်။ ' ကျုပ် သီဟပါ အရီးလေး...' သီဟက အရီးငွေစိန်၊ တောက်ထိန်တို့နဲ့ သားချင်းမကင်း ဝမ်းကွဲတွေဆိုပါတော့။ ' အေး...သီဟ။ ဘာကိစ္စရှိတာလဲ ရေးကြီးသုတ်ပြာနဲ့...' ' အကို...အကိုတောက်ထိန်။ ဇီးပင်သာရွာမှာ ရန်ဖြစ်လို့ဗျ' ' ဟေ...' သားဆိုးအမေ တပေပေ၊ လင်ဆိုးမယား တဖားဖားဆိုသလိုပါပဲ။ အရီးငွေစိန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရတယ်။ တောက်ထိန်နဲ့ ပက်သက်လို့ အရီးငွေစိန်ခမျာ အရက်သောက်ရန်ဖြစ်တဲ့ ကိစ္စပေါင်းများစွာကို အမြဲလို ရင်ဆိုင်ဖြေရှင်းရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ရပ်ရွာမျက်နှာဖုံး ငွေရှိဂုဏ်ရှိလို့သာ ဖြေရှင်းနိုင်ခဲ့တာပါ။ အခုလည်း နွားခိုးမှုနဲ့ ထောင်ကိုးလကျနေရာက ဘယ်ကဘယ်လို ထောင်ကလွတ်လာပြီး အိမ်ကိုအရင်ပြန်မလာခဲ့ဘဲ သုံးရွာကျော်က ဘုရားပွဲမှာ ဘယ်နှယ့်လိုကြောင့် သွားရောက်ပြီး ရန်ဖြစ်တယ်ရယ် မသိဘူး။ လွတ်ရက်ကိုလည်း မသိထားတော့ ကြိုချိန်လည်း မရ၊ တားချိန်လည်း မရ၊ ဆုံမချိန်လည်း မရနဲ့ ဘာပြောရမယ်မှန်းတောင် မသိတတ်ပါဘူး။ ' တောက်ထိန်က ဘယ်တုန်းက ပြန်လွတ်လာတာတုန်း...' အရီးငွေစိန် အိမ်ပေါ်ကနေ တောင်ဝှေးထောက်လို့ ဆင်းလာပြီး မေးတယ်။ ' မနက်ကလို့ ပြောတယ် အရီး။ ကျုပ်တောင် ညနေလေးက ဘုရားပွဲကို သွားရင်း ပွဲဈေးထဲတွေ့တော့ မေးမိတာ။ အိမ်မပြန်ဘူးလားဆိုတော့ ငါလုပ်စရာရှိသေးလို့ဆိုပြီး ထွက်သွားတာပဲ။ သိပ်မကြာဘူး ကိုတောက်ထိန်ရန်ဖြစ်တယ်ဆိုပြီး ကြားမိတယ်။ အဲ့ဒါနဲ့ ကျုပ်လည်း ချက်ချင်းပဲ အရီးဆီကို အပြေးလာပြောတာ...' ' ဘာတွေဖြစ်ကုန်ကြသေးတုန်း...' ' ကျုပ်လည်း သေချာမသိဘူး။ ကိုတောက်ထိန်တော့ ဘာမှမဖြစ်ဘူးလို့ ကြားတယ်...' ' ဟင်း...ဒီတောက်ထိန်နဲ့လည်း လောကကြီးကိုတောင် စိတ်ကုန်လာရပါတယ်ဟယ်...' ✅ #သရဲ ✅ #တစ်ဆေ ✅ #မြန်မာသရဲ ✅ #သရဲဇာတ်လမ်း ✅ #တစ်ဆေဝတ္ထု ✅ #မြန်မာဘောင် ✅ #ထိတ်လန့်မှု ✅ #နောက်ကွယ်ကအကြောင်း ✅ #သွေးအေးဖွယ် ✅ #လျှို့ဝှက်စွန့်စားမှု • #သရဲပျောက်ဆုံးမှု • #မထင်မှတ်ထားတဲ့ သရဲဖြစ်ရပ် • #တစ်ဆေထိုးခံရခြင်း • #မြန်မာသရဲဇာတ်လမ်းတို • #နောက်ကွယ်ကအဖြစ်အပျက် • #ကြောက်စရာ သရဲပုံပြင် • #စတုတ်လမ်းသရဲ • #မြို့ပြသရဲဇာတ်လမ်း • #ကျောင်းသားသရဲဖြစ်ရပ် • #လျှို့ဝှက်ဇာတ်လမ်း • #HorrorStoryMyanmar • #GhostStoryMM • #ScaryStoryMM • #သရဲချန်နယ် • #မြန်မာသရဲထိတ်လန့် • #မြန်မာတစ်ဆေထိတ်လန့်မှု • #စိတ်ဝင်စားဖွယ်သရဲများ