У нас вы можете посмотреть бесплатно ယင်းမာပင်မြို့အနီးက မြို့သစ်ရွာကို စစ်ကောင်စီတပ်မီးရှို့ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ယင်းမာပင်မြို့အနီးက မြို့သစ်ရွာကို စစ်ကောင်စီတပ်မီးရှို့ ယင်းမာပင်၊ ဇန်နဝါရီ ၆၊ ၂၀၂၅။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နဲ့ ၁ မိုင်ခန့်သာဝေးတဲ့ မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လူနေအိမ်နဲ့ နွားစာသိုလှောင်တဲ့တဲတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေဆီက သိရပါတယ်။ ယင်းမာပင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ဟာ ဇန်နဝါရီ ၅ ရက် မနေ့ မနက် ၁၁ နာရီခန့်က ရွာပြင်ကယာတဲ ၁ ခုကို စတင်မီးရှို့ခဲ့ပြီး နေ့လယ် ၁ နာရီမှာတော့ ရွာထဲကနေအိမ်တွေကို ဝင်ရောက် မီးရှို့ခဲ့တာလို့ ဆိုပါတယ်။ "တောထဲကနေ မတ်တပ်ကြီးကြည့် ငေးပြီး အော်နေရတာပဲ၊ ဘာမှ မတတ်နိုင်ကြတော့ဘူး။ အိမ်ကတော့ ဆန်အိတ် ၃ လုံးနဲ့ နွားစာတဲပဲ ပါသွားတာ၊ တခြားပစ္စည်းတွေတော့ ပါတာပေါ့။ ဟိုဖက်အိမ်ကတော့ အကုန်ပါတာ။ ထွန်စက် ၁စီး၊ နွားစာစဉ်းစက် ၁ ခု၊ ဆိုင်ကယ် ၁ စီး၊ စက်ဘီး ၂ စီး အကုန်လောင်သွားတယ်။”လို့ နေအိမ်မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။ မီးရှို့ဖျက်ဆီးခံရလို့ မြို့သစ်ကျေးရွာက လူနေအိမ် ၂လုံး၊ စပါးနဲ့ နွားစာ သိုလှောင်တဲ့ အိမ် ၄လုံးနဲ့ လယ်ယာသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး နွား ၁ ကောင်လည်း မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီ ၄ ရက်က ယင်းမာပင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့ ဗုံးကြဲတာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်ကအထိနာလို့ ကျေးရွာကို စစ်ကြောင်းထိုးမီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံရပ်ကျေးပကဖအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။ အိမ်ခြေ ၅၀၀ နီးပါးရှိတဲ့ မြို့သစ်ကျေးရွာဟာ ပထမဆုံးအကြိမ် မီးရှို့ခံရတာဖြစ်ပြီး မီးဝင်ရှို့တဲ့ စစ်ကောင်စီစစ်ကြောင်းကတော့ နေ့လယ် ၃ နာရီဝန်းကျင်မှာ မြို့ပေါ်ကို ပြန်ထွက်သွားတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။ သတင်း - ကျော်စွာ၊ သိုက်ထွန်း၊ စာတည်း - ချယ်ရီ၊ တည်းဖြတ် - HP #မြေလတ်အသံ #ယင်းမာပင် #မြို့သစ် #မီးရှို့ #စစ်ကောင်စီ #အရပ်သား