У нас вы можете посмотреть бесплатно ပုဂံမှာ လူသိနည်းတဲ့ ဝိနည်းဓိုရ်ဘုရားစု ထူးခြားမှုများ | Wi Nee Doh Pagodas in Bagan или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဆိုပြီး စကားရှိထားတဲ့ ပုဂံဟာ များပြားလွန်းတဲ့ ဘုရားစေတီပေါင်းများစွာ ကို ပိုင်ဆိုင်ထားပါတယ်။ ဘုရင်တွေကလည်း နောင်ဘဝ ဘုရင် ပြန်ဖြစ်အောင်၊ မိဖုရားတွေကလည်း နောင်ဘဝ မိဖုရားပြန်ဖြစ်အောင် စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့လည်း ဘုရားတွေတည်ခဲ့ကြတယ်။ ဒါကြောင့်ပဲလားမသိ၊ ပုဂံ မှာ လူပြန်ဝင်စားပြီး ဘုရင်ပြန်ပြန်ဖြစ်တယ်လို့ ဆိုကြတဲ့ ပုဂံဘုရင်တွေလည်း ရှိခဲ့ကြတယ်။ အဲ့ဒီခေတ်ကာလမှာ ဘုရင်တွေ တည်ထားတာ မဟုတ်ဘဲ မင်းဆွေမင်းမျိုးတွေက အဝန်းအဝိုင်းတစ်ခုတည်းမှာ ဘိုးစဉ်ဘောင်ဆက် တည်ထားကိုးကွယ်ကြတဲ့ ဘုရားစုတွေလည်း ရှိခဲ့ပါတယ်။ ဒီဘုရားစုတွေထဲမှာ ဝိနည်းဓိုရ်ဘုရားစု ဟာလည်း အပါအဝင်ပါ။ ဒီ ဝိနည်းဓိုရ်ဘုရားစု ဟာ လူအသွားအလာ နည်းပါးပါတယ်။ ညောင်ဦး၊ မင်းနန်သူရွာနားက Aureum Palace Hotel & Resort နားမှာ ရှိနေတာပါ။ ဝိနည်းဓိုရ်ဘုရားလို့ သိကြတဲ့ နှစ်ထပ်စေတီကြီးကတော့ လမ်းဘေးနားတင် ထင်သာမြင်သာရှိပြီး ကျန်တဲ့ ဘုရားစုနဲ့ ဝိနည်းဓိုရ်အုတ်ကျောင်းကတော့ နောက်ဘက်လမ်းလေးခြားပြီး တည်ရှိနေပါတယ်။ ထူးခြားစွာ ကျောက်စာတွေ၊ မှင်စာ နဲ့ ဆေးရေးပန်းချီတွေ အတော်ကောင်းမွန်စွာ လေ့လာနိုင်သေးတဲ့နေရာတွေဖြစ်ပြီး ပုဂံသမိုင်းအတွက် အရေးပါတဲ့ အချက်အလက်တချို့ကို သိမြင်လေ့လာခွင့်ရတဲ့ ကျောက်စာတွေဖြစ်တာမို့ သေချာထိန်းသိမ်းထားကြပုံလည်း ရပါတယ်။ လူသိနည်းပေမယ့် စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတဲ့ ဝိနည်းဓိုရ်ဘုရားစု အကြောင်း တင်ဆက်ဝေမျှလိုက်ပါတယ်ခင်ဗျာ.... အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ သီဟလုလင် (Thiha, the Traveller)