У нас вы можете посмотреть бесплатно DKBA နဲ့ KNLA ပဋိပက္ခ ပိုဆိုးလာနိုင်သလား (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ကရင်ပြည်နယ်၊ မြဝတီခရိုင်မှာရှိတဲ့ ဖလူးလေး၊ ဝေါလေ နဲ့ စုကလိ အထိ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ အရေးပေါ်သွားလာဖို့လိုအပ်တယ်ဆိုရင် ကြိုတင်သတင်းပို့ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က နိုဝင်ဘာလ ၂၆ ရက်နေ့မှာထုတ်ပြန် ကြေညာလိုက်ပါတယ်။ နိုဝင်ဘာလ တတိယအပတ်ထဲဖြစ်ပွားနေတဲ့ ဖလူး(မင်းလက်ပံ) ဒေသ တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က တိုက်ခိုက်ပေးခဲ့တဲ့ DKBA တပ်စခန်းကို တိုက်ခိုက်ထိန်းသိမ်းခဲ့ပြီး အဲဒီနေရာမှာ ရှိတဲ့ ကျားဖြန့်ရုံကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ KNU က နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက် ထွက်ပြီးတဲ့နောက် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ DKBAအနေနဲ့ အခုလို ဖလူးကနေ စုကလိအထိ သွားမယ်ဆိုရင် သတင်းပို့ဖို့စာထုတ် အသိပေးလာတာလည်းဖြစ်ပါတယ်။ DKBA က မြဝတီခရိုင်မှာရှိတဲ့ ဖလူးလေး၊ ဝေါလေ နဲ့ စုကလိ ဖြတ်သန်းသွားလာခွင့်နဲ့ ပတ်သက်ပြီး အခုလိုထုတ်ပြန် ကြေညာထားပေမယ့် အဲဒီတဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်နဲ့ KNLA တပ်တွေအကြားမှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲအခြေအနေ ကျယ်ပြန့်လာရင် KNU နဲ့ DKBA အကြားပွတ်တိုက်မှုတွေ ပြင်းထန်လာပြီး ကရင်လက်နက်ကိုင်တပ် အချင်းချင်းအကြား ပဋိပက္ခတွေ အရှိန်ပြင်းထန်လာနိုင်သလား ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။ #မြန်မာ #ဧရာဝတီ #DKBA #KNU #KNLA #မင်းလက်ပံ #ဖလူးလေး #ဝေါလေ #စုကလိ #လက်နက်ကိုင်အဖွဲ့အစည်း #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR