У нас вы можете посмотреть бесплатно Mapping China's Projects in Myanmar или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Archiving Myanmar-featured documentaries previously broadcast on multiple Myanmar media outlets, including DVB, People's Spring, Mizzima, The Tanintharyi Times, Khit Thit, Shan News, Myitkyina News, Shwe Phee Myay News Agency, Development Media Group, and others. BRIစီမံကိန်းအောက်၌ တရုတ်-မြန်မာစီးပွားရေးစင်ကြန်(CMEC)၊ လန်ချန်း-မဲခေါင်ပူးပေါင်းရေး (LMC)ဆိုသည့် ခေါင်းစဥ်အမျိုးမျိုးနှင့် စီမံကိန်းများကို မြန်မာနိုင်ငံအနှံ့အပြားတွင် စီစဥ်ထားသည်။ ဤမှတ်တမ်းရုပ်ရှင်သည် ဒေသအများအပြားတွင် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျမည့် လမ်းကြောင်းပေါင်းစုံနှင့် ပင့်ကူအိမ်သဖွယ် တရုတ်စီမံကိန်းအမျိုးမျိုး အစီအစဉ်များနှင့် ၎င်းတို့၏ဆက်စပ်သက်ရောက်မှုများကို မြေပုံကားချပ် ဆက်စပ်ပုံဖော်ထားသည့် မှတ်တမ်းရုပ်ရှင်ဖြစ်ပါသည်။ အလယ်ပိုင်းဒေသများအပါအဝင် နိုင်ငံအနှံ့အပြား၌ ကျယ်ပြန့်ပြင်းထန်သော တိုက်ပွဲများနှင့်ဖိနှိပ်အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတဝန်းစီမံကိန်းအားလုံးကို အကောင်အထည်ဖော်မှုဖြစ်ပေါ်ရန် ယခုကာလတွင် ခက်ခဲသော်လည်း တရုတ်အတွက် မဟာဗျူဟာအရ အရေးအကြီးဆုံးထွက်ပေါက်တခုဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုမူ အာရုံစိုက်အကောင်အထည်ဖော်လိမ့်မည်ဟု ဤမှတ်တမ်းရုပ်ရှင်တွင် သုံးသပ်ထားသည်။ (ဤမှတ်တမ်းရုပ်ရှင်သည် မြန်မာနိုင်ငံတွင် စစ်အာဏာမသိမ်းခင်ကာလမှစ၍ ၂၀၂၂ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားရှိ တရုတ်စီမံကိန်းဒေသများသို့ သွားရောက်၍ ဒေသခံများ၊ တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများ၊ စီမံကိန်းစောင့်ကြည့်လေ့လာသူများ၊ ပါဝင်ပတ်သတ်သူများ၊ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ စီမံကိန်းတွင်ပါဝင်သောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး လေ့လာခဲ့သည်များမှ ကောက်နုတ်ချက်အချို့သာ ဖြစ်ပါသည်။ ယခုအချိန် မြန်မာတွင် စစ်အာဏာသိမ်းမှုနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ဆန့်ကျင်တွန်းလှန်သော လူထုနွေဦးတော်လှန်ရေး ပေါ်ပေါက်ပြီး နိုင်ငံတဝန်း ပိုမိုကျယ်ပြန့်ပြင်းထန်သော ပြည်တွင်းစစ်ဖြစ်ပွားနေပါသည်။ မြန်မာပြည်တွင်းမြေပြင်တွင် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သူအများစု၏ လုံခြုံရေးအပေါ် ထောက်ချင့်၍ ၎င်းတို့၏ တိုက်ရိုက်ပြောကြားဆွေးနွေးမှုများကို ယခုအချိန် ယခုမှတ်တမ်းရုပ်ရှင်တွင် မဖော်ပြဘဲ ချန်လှပ်ထားခဲ့ပါသည်။ ထို့ကြောင့် လက်တလောတွင် ဇာတ်ကြောင်းပြောပုံစံဖြင့်သာ တင်ဆက်ထားသည်။) Directed by Nyein Nyein Pyae Photographers - Geo+ team by Ring Nu Aung, Naw Seng, Hkun Li. Sai Zaw, Nyein Nyein Pyae, and Thomas. Additional Footages courtesy - Myanmar people, CJ, EAOs, PRA-Magway, LDFs & PDF, Tribal Action Group. Scriptwriter & Narrator - Nyein Nyein Pyae Video Editor - Sawsie Thumoe Researcher - Nyein Nyein Pyae A documentary broadcast on multiple media outlets in Myanmar in 2022. #myanmar #burma #china #BRI #beltandroadinitiative #politicaleconomy #geopolitics #eao #ethnic #ethnicarmedorganization #CMEC #chinamyanmareconomiccorridor #chinamyanmar #fdi #indianocean #indopacifc #arakan #rakhine #kachin #shan #border #mandalay #magway #sagaing #yangon #ayeyarwaddy #irrawaddy #river #transport #map #mapping #documentary