У нас вы можете посмотреть бесплатно #ကောလိပ်ပညာရေးကဏ္ဍမိတ်ဆက်ခြင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဓမ္မဓရဘာသန္တရကောလိပ်၊ မော်ကွန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၏ #ကောလိပ်ပညာရေးကဏ္ဍမိတ်ဆက်ခြင်းနှင့် ပညာရည်ချွန်ဆု-သင်တန်းဆင်းလက်မှတ် ယူကြမည့် ကျောင်းသား/သူများ စာရင်းကြေငြာပေးခြင်း- #အဖွင့်နှုတ်ခွန်းဆက်ခြင်း(Opening) ဓမ္မဓရဘာသန္တရကောလိပ် ကျောင်းအုပ်ဆရာတော် အမှူးပြုသော သင်ကြား/စီမံ ဆရာတော်များ၊ လေးစား မြတ်နိုးရပါသော ဆရာ/မများ၊ ယနေ့ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု-သင်တန်းဆင်းလက်မှတ်များ ပေးအပ်နှင်းခြင်း ခံယူကြမည့် ကိုရင်သာမဏေများနှင့်ကျောင်းသား/သူများ၊ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များ (အားလုံး-၂) မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ တပည့်တော်ကတော့ ဓမ္မဓရဘာသန္တရကောလိပ်ရဲ့ မော်ကွန်းထိန်းဆရာတော် ဒေါက်တာသောဘန ဖြစ်ပါတယ်။ ယနေ့ ကျင်းပတဲ့ ဓမ္မဓရဘာသန္တရကောလိပ်၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ “ပညာရေးစုံညီပွဲတော်၊ ပညာရည် ချွန်ဆုပေးပွဲနှင့် အင်္ဂလိပ်စာ-ဒီပလိုမာအကြို A1 & A2 Level သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနား” မှာ ကောလိပ်ရဲ့ မော်ကွန်းထိန်းတစ်ပါးအနေနဲ့ ကောလိပ်ပညာရေးကဏ္ဍများကို မိတ်ဆက်တင်ပြ၊ သင်တန်းဆင်းလက် မှတ် ခံယူကြမည့် ကျောင်းသား ကျောင်းသူများရဲ့ စာရင်းကို ကြေညာခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါတယ် ဘုရား" #ပညာရေးကဏ္ဍမိတ်ဆက်ခြင်း၊ (Academic Introduction) တပည့်တော်တို့ ဓမ္မဓရဘာသန္တရကောလိပ်ဟာ 'ပညာ လောကသ္မိ ပဇ္ဇောတော' (လောက၌ ပညာသည် အလင်းရောင်မည်၏) ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အောက်ပါ ပညာရေးကဏ္ဍကြီး (၃) ခုဖြင့် ပညာမျိုးစေ့များကို ပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်။ #ပညာရေးကဏ္ဍ(၁) (က) #ပါဠိနှင့်ဗုဒ္ဓစာပေလေ့လာရေးဌာန (Department of Pali and Buddhist Studies.) ဌာန ဖြစ် ပါတယ်။ (ဗုဒ္ဓမြတ်စွာ၏ မူရင်းဒေသနာတော်များကို အခြေခံကျကျ စနစ်တကျ လေ့လာဆည်းပူးသည့် ဌာနဖြစ်ပါတယ်။) ဒီဌာနမှာ-အသုံးချဗုဒ္ဓဘာသာဒီပလိုမာတန်း (DAB)နှင့် မဟာဝိဇ္ဇာ M.A တန်းတို့ကို သင်ကြားပို့ချပေးနေပါတယ်။ (ခ) အနေဖြင့် ပရိယတ္တိပညာရေး ဖြစ်ပါတယ်။ သာသနာတော်၏ အသက်သွေးကြောဖြစ်တဲ့ ပရိယတ္တိကျမ်းဂန် စာပေများကို ရိုးရာမပျက် ပို့ချသင်ကြားပေးတဲ့ ပါဠိပထမပြန်ပညာရေး ဖြစ်ပါတယ်။ အစိုးရပါဠိပထမပြန် မူ, ငယ်, လတ်, ကြီး အတန်းများနှင့်ယဉ်ကျေးလိမ္မာ သင်တန်းများကို သင်ကြားပို့ချပေးနေခြင်း ဖြစ်ပါတယ်-ဘုရား။ #ပညာရေးကဏ္ဍ (၂) #နိုင်ငံခြားဘာသာစကားလေ့လာရေးဌာန- (Department of Foreign Languages.) ဌာနဖြစ်ပါတယ်။ (သာသနာပြုလုပ်ငန်းများကို ခေတ်နှင့်အညီ ဆက်သွယ်ပြောဆိုနိုင်ရန် အင်္ဂလိပ်စာနှင့် အခြားဘာသာစကား ကျွမ်း ကျင်မှုများကို လေ့ကျင့်ပေးသည့် ဌာနဖြစ်ပါတယ်။) ဒီဌာနမှာ သင်တန်းများအနေဖြင့် (၁) အင်္ဂလိပ်စာသင်တန်း၊ (၂) တရုတ်စာသင်တန်း၊ (၃) ဂျပန်စာသင်တန်း၊ (၄) ကိုရီးယာစာသင်တန်း၊ (၅) ပြင်သစ်စာသင်တန်းများကို သင်ကြား ပို့ချပေးနိုင်ခဲ့ပါတယ်။ အထူးပြုအနေဖြင့် တရုတ်သင်တန်းနှင့်အင်္ဂလိပ်စာသင်တန်းများကို ဦးစားပေး ဖွင့်လှစ်ဖြစ်ပါ တယ်၊ ယနေ့ အခမ်းအနားမှာ ပေးအပ်မယ့် အင်္ဂလိပ်စာ-သင်တန်းဆင့်လက်မှတ်များဟာ ဒုတိယအကြိမ်မြောက် ပေးအပ်ခြင်းဖြစ်ပါတယ်-ဘုရား။ #ပညာရေးကဏ္ဍ (၃) #ဘုန်းတော်ကြီးသင်(ဘ/က) ပညာရေးဌာန၊ (Department of Monastic Education) ဌာနဖြစ်ပါတယ်။ (အခြေခံပညာ လိုအပ်ချက်ရှိသူ လူငယ်များအား ပညာဒါနဖြင့် လူမှုအကျိုးပြု ပျိုးထောင်ပေးနေသည့် ဌာနဖြစ်ပါ တယ်) ဒီဌာနမှာ အတန်းအနေဖြင့် Grade-6 မှ Grade-12 အထိ ကျောင်းတက်နေကြတဲ့ ကျောင်းသား (ကိုရင်) ပေါင်း (၁၄၆) ပါး ရှိပါတယ်။ တပည့်တော်တို့ ဓမ္မဓရကောလိပ်-မိသားစုများအနေဖြင့် အထူးဝမ်းမြောက်စရာ သတင်းတစ်ခုမှာ ဤဌာနမှာ ၂၀၂၆ ခု ပညာသင်နှစ်ကစလို့ “ဓမ္မဓရဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း” အမည်ဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုချက် ချပေးလိုက်ပြီ ဆိုတဲ့မင်္ဂလာသတင်းဖြစ်ပါတယ်-ဘုရား။ #သင်တန်းဆင်းလက်မှတ်ယူမည့်သူများအား ကြေညာခြင်း၊ (Presentation of Certificate) ယခုဆက်လက်၍ ပညာရေးကဏ္ဍ (၂) မှ ပညာအရည်အချင်း ပြည့်မီသဖြင့် သင်တန်းဆင်း Certificate အောင် လက်မှတ်များ ရရှိကြမည့် ကျောင်းသား/သူများ၏စာရင်းနှင့် ပညာရေးကဏ္ဍ (၃) မှ “ပညာရည်ချွန်ဆု” ရသည် ရှင် သာမဏေများ၏ စာရင်းကို မော်ကွန်းမှတ်တမ်းအရ ကြေညာသွားပါမယ်-ဘုရား။ (က) #ပညာရေးကဏ္ဍ (၂) မှ အင်္ဂလိပ်စာသင်တန်းဆင်း Certificate အောင်လက်မှတ် ခံယူကြမည့် A1 Level ကျောင်း သား/သူဦးရေမှာ (၂၂) ဦးနှင့် A2 Level ကျောင်းသား/သူဦးရေမှာ (၆၀) ဦး ဖြစ်ပါတယ်။ ပေါင်း (၈၂) ဦး ဖြစ်ပါတယ်ဘုရား။ (ခ) #ပညာရေးကဏ္ဍ (၃) မှ “ပညာရည်ချွန်ဆု” ရသည် ရှင်သာမဏေပေါင်းမှာ (၄၃) ပါး ဖြစ်ပါတယ်ဘုရား။ သို့ဖြစ်ပါ၍ စုစုပေါင်း အင်္ဂလိပ်စာသင်တန်းဆင်း အောင်လက်မှတ်နှင့် ပညာရည်ချွန်ဆု ခံယူကြမည့် ကျောင်းသားဦးရေးမှာ (၁၂၅) ဦး ရှိပါတယ်-ဆိုတဲ့အကြောင်း ကြေညာအပ်ပါတယ်ဘုရား။ #နိဂုံးချုပ်စကား (Closing Statement) နိဂုံးချုပ်အနေနဲ့ ဒီကနေ့ “ပညာရည်ချွန်ဆုနှင့်အင်္ဂလိပ်စာသင်တန်းဆင်းလက်မှတ် ရရှိကြတဲ့ ကိုရင်သာမဏေ များ၊ ကျောင်းသား/သူများဟာ မိမိတို့သင်ယူခဲ့တဲ့ ပညာအလင်းရောင်ဖြင့် မိမိဘဝ၊ မိမိပတ်ဝန်းကျင်နဲ့ သာသနာတော် ကြီးကို အလှဆင်နိုင်ကြပါစေ။ ဓမ္မဓရကောလိပ်-ကျောင်းတော်ကြီးရဲ့ မော်ကွန်းမှတ်တမ်းမှာ အောင်မြင်သူများအဖြစ် ကမ္ပည်းတင် ကျန်ရစ်သူများ ဖြစ်ကြပါစေ---"ပညာ လောကသ္မိ ပဇ္ဇောတော” (လောက၌ ပညာသည် အလင်းရောင် မည်၏-Wisdom is the source of light in the world) ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ လောကအမှောင်ကို ပညာရောင် ဖြင့် ထွန်းလင်းစေပြီး လောကအကျိုး သာသနာအကျိုးတို့ကို ဆောင်ရွက်နိုင်ကြပါစေ လို့ ဆုတောင်းပေးရင်း ဘုရား-တပည့်တော် ဓမ္မဓရကောလိပ်-မော်ကွန်းထိန်းအရှင်၏ ကောလိပ်ပညာရေးကဏ္ဍ မိတ်ဆက်စကားကို နိဂုံးချုပ်အပ်ပါတယ် ဘုရား။ ဒေါက်တာဘဒ္ဒန္တသောဘန မော်ကွန်းထိန်းဆရာတော် ဓမ္မဓရဘာသန္တရကောလိပ် မန္တလေးမြို့၊ (1-2-2026)