У нас вы можете посмотреть бесплатно ဒုတိယကမ္ဘာစစ်မှာတောင် တိုက်ပွဲရှောင်ခဲ့ကြတဲ့ သာသနာ့နယ်မြေ မင်းကွန်းဒေသကို စစ်ကောင်စီတပ် ဗုံးကြဲ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
366.43 MB
437.4 MB
559.93 MB
260.68 MB
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒုတိယကမ္ဘာစစ်မှာတောင် တိုက်ပွဲရှောင်ခဲ့ကြတဲ့ သာသနာ့နယ်မြေ မင်းကွန်းဒေသကို စစ်ကောင်စီတပ် ဗုံးကြဲ ———— ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ မင်းကွန်းဒေသကို စစ်ကောင်စီလေတပ်က ဗုံးကြဲတာကြောင့် သာသနိကအဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား အမျိုးသမီးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။ မတ်လ ၁၉ရက်ညက ရှေးဟောင်းအမွေအနှစ်မင်းကွန်းဒေသ မြသိန်းတန်စေတီအနီးကို စစ်လေယာဉ်နဲ့ ဗုံးကြဲပြီး၊ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာပါ။ မင်းကွန်းဒေသဟာ သာသနာ့နယ်မြေဖြစ်တဲ့အတွက် ဒုတိယကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှကိုလိုနီတပ်တွေကတောင် တိုက်ခိုက်လေ့မရှိတာကြောင့် အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင် အများအပြား ခိုလှုံရာအရပ် ဖြစ်ခဲ့ပါတယ်။ ရှေးဟောင်းစေတီပုထိုးတွေ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနဲ့ မြန်မာ့လက်မှုပညာလက်ရာတွေကြောင့် နာမည်ကျော်တဲ့ မင်းကွန်းဒေသဟာ စစ်တပ် အာဏာမသိမ်းခင်တုန်းကတော့ ပြည်တွင်းသာမက ပြည်ပခရီးသွားတွေကိုပါ ဆွဲဆောင်ထားနိုင်တဲ့ ဒေသတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဆင်းရဲခေါင်သီလှတဲ့ မင်းကွန်းဒေသအနီး မြစ်ကမ်းနံဘေးကျေးရွာ ဒေသခံအများစုဟာ ခရီးသွားဧည့်သည်တွေကို မှီတင်းပြီး လုပ်ကိုင်စားသောက်ကြတာပါ။ အခုအခါမှာတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ တိုက်ပွဲပတ်လည်ဝိုင်းနေတဲ့ အခြေအနေတွေကြောင့် အများစုဟာ နေရပ်စွန့်ခွာသွားကြပြီလို့ သိရပါတယ်။ မင်းကွန်းဒေသဟာ စစ်ကိုင်းမြို့ရဲ့ မြောက်ဘက်ခြမ်း၊ မန္တလေးမြို့ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ဧရာဝတီမြစ်သာ ခြားပါတယ်။ ပတ်ချာလည်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မင်းကွန်းမှာလည်း စစ်ရိပ်စစ်ငွေ့သမ်းလာနေပါတယ်။ သတင်း၊ တင်ဆက် - နေမင်းနီ၊ ဟန်လင်း