У нас вы можете посмотреть бесплатно နေနတ်ကယ်မှရာဇာ အစချီ မိဿရာသီ တန်ခူးလဘွဲ့ အဲချင်း ဒဂုန်ခင် စောင်း ဦးထွန်းရှိန်အဖွဲ့ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဂီတဝိသောဓနီ • ခွန်းထောက်သဖြန်များ မှ • မယ်ခွေ ရေးသည့် • နေနတ်ကယ်မှရာဇာ အစချီ မိဿရာသီ တန်ခူးလဘွဲ့ အဲချင်းမှ ကောက်နှုတ်ချက် • ဒဂုန်ခင် • စောင်း • ဦးထွန်းရှိန်အဖွဲ့ nenatʻkayʻmharājā, ’assavaṇī, krayʻnhaṅʻʹññī candīcitra, tūyhañʻ pruiṅʻkratayʻ, la’atākuitaiʹle, sītāṅayʻmhapyaṃʹmvhanʻʺ, sapremraraññʻ. tasoṅʻʺpraññʻkui, ’oṅʻcaññʻrvhanʻʺluiʹ, resvanʻʺmhakhākhyinʻ, sokʻrhūʺupā, krayʻnīlānhaṅʻʹ, rvhejāpokʻlui, timʻkhuiʺññuinhaṅʻʹ, pruimaññʻʹnhayʻkhyinʻ, nagāʺ limʻlvhamʻʺ’imʻphvaiʹluiʹ, maiʹchīkuimai, saṅʻʺtvaiʺmharvheroṅʻ, kaṃʹkoʻvatʻmhuṃ, mvheʺthuṃthuṃnhaṅʻʹ, raguṃmruiṅʻprāʺ, totalvhāʺlaññʻʺ, ṅhakʻkhāʺtoṅʻlui, pū ’oṅʻmaiʹkui, muighʻʺkrīʺtaphvaiʹ, letalainhaṅʻʹ, tachaiʹkhrokʻtuiṅʻʺ, mapratʻ kayʻchuiṅʻʺluiʹ, mhuiṅʻʺmhuiṅʻʺṅayʻññuisaññʻ, ma-phui sītāchipʻkayʻka, khyacʻripʻ ññuinvaiʹ,praṅʻnārīkāʺ, ṅāʺbhuiʹthāʺluiʹ, phavāʺkamhasuṃʺ’aṅʻ, missakhvaṅʻmhā, ma rvhaṅʻnuiṅʻtatʻ, canʻʺlvanʻʺpaṅʻpratʻkhaiʹprī, mratʻchaṃkyaṅʻtārāka, tejātoʻ khyīʺpānhaṅʻʹtoʹ, vesālīpraññʻkrīʺkathinʻññīʺraiʹ. . နေနတ်ကယ်မှရာဇာ၊ အဿဝဏီ၊ ကြယ်နှင့်ညီ စန္ဒီစိတြ၊ တူယှဉ် ပြိုင်ကြတယ်၊ လအတာကိုတဲ့လေ၊ သီတာငယ်မှပျံ့မွှန်း၊ သပြေမြရည်။ တသောင်းပြည်ကို၊ အောင်စည်ရွှန်းလို့၊ ရေသွန်းမှခါချိန်၊ သောက်ရှူးဥပါ၊ ကြယ်နီလာနှင့်၊ ရွှေဇာပေါက်လို၊ တိမ်ခိုးညိုနှင့်၊ ပြိုမည့်နှယ်ချိန်၊ နဂါး လိမ်လွှမ်းအိမ်ဖွဲ့လို့၊ မဲ့ဆီကိုမဲ၊ သင်းတွဲးမှရွှေရောင်၊ ကံ့ကော်ဝတ်မှုံ၊ မွှေးထုံထုံနှင့်၊ ရဂုံမြိုင်ပြား၊ တောတလွှားလည်း၊ ငှက်ခါးတောင်လို၊ ပူ အောင်မဲ့ကို၊ မိုဃ်းကြီးတဖွဲ့၊ လေတလဲနှင့်၊ တဆဲ့ခြောက်တိုင်း၊ မပြတ် ကယ်ဆိုင်းလို့၊ မှိုင်းမှိုင်းငယ်ညိုသည်၊ မ-ဖို သီတာဆိပ်ကယ်က၊ ချစ်ရိပ် ညိုနွဲ့၊ပြင်နာရီကား၊ ငါးဘို့ထားလို့၊ ဖဝါးကမှသုံးအင်၊ မိဿခွင်မှာ၊ မ ရွှင်နိုင်တတ်၊ စန်းလွန်းပင်ပြတ်ခဲ့ပြီ၊ မြတ်ဆံကျင်တာရာက၊ တေဇာတော် ချီးပါနှင့်တော့၊ ဝေသာလီပြည်ကြီးကထိန်ညီးရဲ့။ ။ အဖွင့် နေမျိုးနတ်နွယ်ဖြစ်၍ လေးစားအပ်သော အသျှင်မင်းမြတ် လမင်းသည် အာသာဝဏီနက္ခတ်နှင့် ယှဉ်၍ ပြည့်သော လ ဖြစ်ပါသည်။ ဤတန်ခူးလမှာ သပြေပင်ဖြင့်၊ မှတ်အပ်သော ဇမ္ဗူ ဒီပါတောင်ကျွန်းတွင်၊ အောင်စည်ရွှမ်းကာ ရေသွန်းပွဲတော် ကျင်းပကြချိန်၌ ထွန်းလင်းတောက်ပကြသော ကြယ်ရောင်တို့မှာ တိမ်ခိုးညိုတို့မှ ဇာပေါက်ကဲ့သို့ဖြစ်၍ ပြိုကျလာမည့်နှယ် ဖြစ်ရုံသာမက တိမ်နဂါး လိမ်တို့မှာလည်း သည်မယ့်ဆီကိုသာ မဲ၍နေတော့သည်။ ရွှေရောင်သဖွယ်ဖြစ်သော ကံ့ကော်ပန်းများမှာလည်း တောင်မြိုင်ဖျားတို့၌လည်း မွှေးထုံရုံသာမက စိမ်းစိုသော သစ်ရွက်ရောင်တို့မှာလည်း တိုင်းကြီးတဆဲ့ခြောက်တိုင်းလုံးကိုပင် မပြတ်အောင် ဆိုင်းဆို ့မှိုင်းမှို၍ နေပြီးလျှင် အေးမြသောဆိပ်ကမ်းတို့၌လည်း . အဖိုအမတို့မှာ ချစ်တင်းဆို၍ နေကြပါတော့သည်၊ ယင်းလတွင်ပြင်နာရီမှာ ငါးဖို့ကိုတဆယ်တိုး၍ ထမ်းပိုးတင်သောကြောင့် နာရီသုံးဆယ်ရှိပြီး မွန်းတည့်ဖဝါးမှာ သုံးဖ၀ါးဖြစ်၍ ချယ်လှယ်မှုတို့ကြောင့် ကျွန်မ မယ်ခွေ၏ မိဿရာသီဟုဆိုအပ်သော ဤတန်ခူးလ၏ အဖို့ မပျော်ရွှင်နိုင်အောင် ကံညံ့ဖျင်းရုံမက စန်းပြတ် လွန်းပြတ်ပင်ဖြစ်နေ၍ ဝေသာ လီပြည်နှင့် သက်ဆိုင်သော ဆံကျင်တာရာက တန်ခိုးပြ၍ တထိန်ထိန် တညီးညီးနှင့် တန်ခိုးမပြပါနှင့်တော့။ ခေတ် - ကုန်းဘောင်ခေတ် သက္ကရာဇ် - ၁၁၄၄ ခုနှစ် စာဆို - မယ်ခွေ အကိုး - ဗေလုဝ ဆရာတင်ရေး ဂီတာလင်္ကာရဒီပနီ ၄၂။