У нас вы можете посмотреть бесплатно ဖယောင်းတိုင် - တက္ကသိုလ်ဘုန်းနိုင် ( အိမ်ထောင်ရေးပညာပေးဇာတ်လမ်း) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတယောက်ကို ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။ အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား - ဟုတ်ပါတယ်။ အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တယောက်ကို ယူလိုက်။ အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။ အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။ အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထပ်လိုက်ရင် သူနာကျင်ခံစားရလိမ့်မယ်။ အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင်မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာမရှိတော့ဘူး။ မင်းက တခြားတယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကိုမချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။ အမျိုးသား - ကျွန်တော် နောက်တယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကိုအစပြုတော့မှာ။ သူ ကျွန်တော့်ကို ဆုံးရှုံးတာ။ အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တခုနဲ့ သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။ အမျိုးသား - သူမ ပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတယောက်ကို မချစ်နိုင်တော့ဘူးတဲ့။ အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။ အမျိုးသား - ကျွန်တော် ... အတိုင်ပင်ခံ - မင်းရှေ့က ဖယောင်းတိုင် ၃ တိုင်ကိုကြည့်လိုက်။ ဘယ်ဟာ အလင်းဆုံးလဲ။ အမျိုးသား - မသိပါဘူး။ အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။ ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပိုလင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။ အခု မင်းချစ်နေတဲ့ တယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို မင်းပြောနိုင်လား။ #ရသ #myanmar #audio #audiobook #audiolibrary #တက္ကသိုလ်ဘုန်းနိုင်