У нас вы можете посмотреть бесплатно ပန်းသလားမေပျို - မန္တလေး သိန်းဇော် - Pann Tha Lar May Pyo - Mandalay Thein Zaw или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ပန်းသလားမေပျိုသီချင်းသည် ဇာတ်မင်းသားကြီးဦးစိန်ဂတုံး ကိုယ်တိုင်ရေးသားသီဆိုကပြခဲ့သောမြိုင်ထဟန်(မင်းသမီးမင်းသားအချီအချမပါပဲ)မင်းသားတစ်ဦးတည်းကပင်သီဆိုရသည့် ဇာတ်နှစ်ပါးတေးတစ်ပုဒ်ဖြစ်ပါသည်။ ဆိုင်းနဲ့ ဝိုင်းနဲ့တီး မြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ်လေ့ရှိသည့် မြိုင်ထတေးတစ်ပုဒ်ကိုစောင်းဆရာကိုကျော်မျိုးနိုင်မှ စောင်းပညာရှင်ဆရာကြီးအင်းလေး(ဦး) မြင့်မောင်၏ တီးလက်တီးကွက်အတိုင်း တစ်ကိုယ်တီးခတ်ထား၍ ဇာတ်သံအမြင့်ကို ဇာတ်ဟန်ပီပီ သံရောက်မြေကျ မှန်ကန်စွာ မန္တလေးသိန်းဇော်မှ ရှေးဇာတ်မူမပျက် အလေးဂရုပြုသီဆိုထားပါသည်။ ငြိမ့်ညောင်းသာယာသောစောင်းသံနှင့် သံကုန်ဟစ်ကြွေးသီဆိုရသောဇာတ်ဟန်တို့၏ အတွဲအဖက်ကား မီးနဲ့ရေ ပေါင်းစပ်သည့်ထူးခြားလှပသောတင်ဆက်မှုတစ်ခုကဲ့သို့ပင်ဖြစ်၏။ သရုပ်ဖော်ကပြကြသူများမှာ မင်းသားတက္ကသိုလ်ကိုဇေနှင့် မင်းသမီးခိုင်ဇာသွေးတို့ဖြစ်ပါသည်..။