У нас вы можете посмотреть бесплатно ပန်းခြံမြေကို လူနေအိမ်ဆောက်လုပ်မှု ရန်ကုန်တိုင်းအစိုးရ စိစစ်ရန်လို или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ပန်းခြံမြေကို လူနေအိမ်ဆောက်လုပ်မှု ရန်ကုန်တိုင်းအစိုးရ စိစစ်ရန်လို CNI News ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် ဦးချစ်မောင်လမ်းထောင့် (ရန်ကင်းစင်တာအရှေ့)ရှိ အများပြည်သူ ကိုယ်လက် ကျန်းမာရေးနှင့် အပန်းဖြေစရာ ပန်းခြံအသေးစား နေရာကို အမည်မသိ လူနေအိမ် အဆောက်အဦးတစ်ခု ဆောက်လုပ်နေသည်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်စည်ပင်သာယာရေး ကော်မတီက စိစစ်ရန် လိုအပ်နေကြောင်း ထောက်ပြကြသည်။ အဆိုပါ အဆောက်အဦးသည် ရွေးကောက်ပွဲ မတိုင်ခင်ကမှ စတင် ဆောက်လုပ်နေခြင်းဖြစ်ပြီး အစိုးရသစ် လက်ထက် မရောက်ခင် အပြီးဆောက်၍ မမှန်မကန် နည်းလမ်းဖြင့် မြေနေရာကို လက်လွှဲရယူရန် ပြင်ဆင်နေ ကြောင်း ရပ်ကွက်နေ ပြည်သူများက ပြောသည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့် ဦးချစ်မောင်လမ်းထောင့် (မီးပွိုင့်ထိပ်)တွင် တည်ရှိနေသော မြေကွက် သည် အများပြည်သူ ကိုယ်လက် ကျန်းမာရေးနှင့် အပန်းဖြေစရာ ပန်းခြံအသေးစား မြေနေရာဖြစ်ကြောင်း၊ ယခု အခါတွင် ထိုနေရာတွင် မည်သူမည်ဝါက ဆောက်လုပ်ခွင့် ပါမစ်ချပေးသည်ကို မသိရဘဲ အဆောက်အဦးတစ်ခု တည်ဆောက်နေသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ရန်ကုန်စည်ပင်သာယာရေးကော်မတီသို့ CNI သတင်းဌာနက (၁) ထို အဆောက်အဦးက မည်သည့် အဆောက်အဦးလဲ၊ (၂) အများပြည်သူ အပန်းဖြေရာ ပန်းခြံ(အသေးစား) မြေနေရာ ကို မည်သူ၏ ခွင့်ပြုချက်ဖြင့် အဆောက်အဦးကို ဆောက်လုပ်နေတာလဲ၊ (၃) ထိုအဆောက်အဦး ဆောက်လုပ်နေ သည့် မြေကို မည်သူ့ထံ လွှဲပြောင်းပေးထားလဲ၊ (၄) အထက်ပါ အခြေအနေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ညီ/မညီ အပါအဝင် အများပြည်သူ အပန်းဖြေရာ ပန်းခြံမြေကို တစ်စုံတစ်ဦးထံ လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် အဆောက်အဦး ဆောက်လုပ်ခွင့် ပြုထားခြင်းက ဥပဒေနဲ့ အညီလုပ်ထားခြင်း ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းထား သည်။ သို့သော် ယနေ့အထိ ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။ Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watc... #အဂတိ #ပန်းခြံ #စည်ပင် #ရန်ကုန်မြို့ #ဗဟန်းမြို့နယ် #နိုင်ငံရေး #CNImyanmar CNI Facebook Link--------https://www.facebook.com/profile.php?... CNI Telegram Channel-----https://t.me/ChannelNewsIndependent CNI Twitter Link----- / channelnewsind1