У нас вы можете посмотреть бесплатно အီရန်လုံခြုံရေးအရာရှိချုပ်လုပ်ကြံခံရ၊ အမေရိကန်အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲနုတ်ထွက်| People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အီရန် လုံခြုံရေးအရာရှိချုပ်ကို အစ္စရေးလုပ်ကြံ ၊ သွေးကြွေးဆပ်မယ်လို့ အီရန်တုံ့ပြန် မတ်-၁၈၊ ၂၀၂၆။ People’s Spring အီရန်ရဲ့ လုံခြုံရေး အရာရှိချုပ်ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးက ထုတ်ပြန်ခဲ့ပါတယ်။ အလီ လာရီဂျာနီဟာ ညပိုင်းအချိန် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ဆိုပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကတ်ဇ်က ပစ်မှတ်တိတိကျကျ ချိန်ရွယ် ချေမှုန်းခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကြောင့် လာရီဂျာနီ သေဆုံးသွားခဲ့ကြောင်း မတ်လ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လာရီဂျာနီဟာ လက်ရှိ စစ်ပွဲကာလမှာ အီရန်ကို အမှန်တကယ် ဦးဆောင်နေသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။ သူဟာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အပြင်းအထန် ဗုံးကြဲမှုတွေကို ဖီဆန်တဲ့ အနေနဲ့ မတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တဟီရန်မြို့တော်က ချီတက်ပွဲ တစ်ခုမှာ နောက်ဆုံးအကြိမ် လူလုံးထွက်ပြထားခဲ့ပါတယ်။ IDFရဲ့ အဆိုအရ တဟီရန်မှာရှိတဲ့ ထောက်လှမ်းရေး ဝန်ကြီးဌာန ရုံးချုပ် အပါအဝင် လုံခြုံရေးရုံး ခြံဝင်းနဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ဘာဆက်ဂျ် တပ်မရဲ့ ဌာနချုပ်တွေကို တိတိကျကျ ထောက်လှမ်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လေတပ်ရဲ့ ဗုံးကြဲမှုမှာ လာရီဂျာနီသာ မကဘဲ IRGCရဲ့ ဘာဆက်ဂျ်တပ်မ အကြီးအကဲ ဂိုလမ်ရက်ဇာ ဆိုလိုင်မာနီပါ သေဆုံးသွားခဲ့တယ်လို့ IDFက ပြောပါတယ်။ အီရန်ရဲ့ အတွေ့အကြုံ အရင့်ကျက်ဆုံးနဲ့ ဩဇာအကြီးဆုံး ထိပ်ပိုင်း အရာရှိတွေထဲက တစ်ဦးဖြစ်တဲ့ လာရီဂျာနီကို အီရန်စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံး ကာလမှာ အစ္စရေးက လုပ်ကြံလိုက်တာဟာ ပိုမို ရှုပ်ထွေးတဲ့ အခြေအနေတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ အရှေ့အလယ်ပိုင်းအရေး အကဲခတ်တွေက ပြောပါတယ်။ လာရီဂျာနီဟာ စစ်ခေါင်းဆောင် တစ်ဦးသက်သက် မဟုတ်ဘဲ အီရန်ရဲ့ မဟာဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ ဗဟိုချက်က ပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေးကောင်စီကို ဦးဆောင်နေတဲ့ အတွင်းရေးမှူး ရာထူးကို ရယူထားတဲ့အတွက် လာရီဂျာနီဟာ နိုင်ငံရဲ့ စစ်ရေး၊ သံတမန်ရေးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ မူဝါဒ ဆုံးဖြတ်ချက်တွေကို အဓိက ကြီးမှူးရပါတယ်။ သင့်တော်တဲ့ အချိန်၊ သင့်တော်တဲ့ နေရာမှာ အမေရိကန်တွေနဲ့ သွေးဆာနေတဲ့ ဇီယွန်ဝါဒီ (အစ္စရေး) အစိုးရအတွက် နောင်တရသွားစေမယ့် တုံ့ပြန်မှုမျိုး ရှိလာစေမယ်လို့ အီရန်စစ်တပ် အကြီးအကဲ အမာ ဟာတာမီက ပြောကြားခဲ့ပါတယ်။ သူက လာရီဂျာနီနဲ့ တခြား အာဇာနည်တွေရဲ့ သေဆုံးမှုအတွက် ကျိန်းသေပေါက် အီရန်က သွေးကြွေးပြန်ဆပ်မယ်လို့လည်း ဆိုပါတယ်။ အီရန်ဟာ စစ်ပွဲ အဖွင့်နေ့မှာတင် နိုင်ငံရဲ့ အဓိပတိဖြစ်သူ အယာတိုလာ အလီခါမေနီနဲ့ ခေါင်းဆောင်အများအပြား လုပ်ကြံရှင်းလင်း ခံခဲ့ရတဲ့တိုင် အမေရိကန်နဲ့ အစ္စရေးအပေါ် လုံးဝ အလျှော့မပေးခဲ့ခြင်းက ခေါင်းဆောင်တွေ မရှိတော့ရင်တောင် အစားထိုးမယ့် နည်းလမ်းတွေကို ကြိုတင် စဉ်းစားထားပြီးသားလို့ ယူဆရပါတယ်။ အစ္စရေးဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။ စစ်ပွဲရဲ့ ပထမဆုံး နေ့မှာတင် အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ အပါအဝင် ဒါဇင်နဲ့ချီ များပြားတဲ့ စစ်ဘက်နဲ့ အရပ်ဖက်တွေကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်အစိုးရဟာ အုပ်ချုပ်မှု ကွင်းဆက် ပြတ်တောက်မသွားအောင် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီး အစ္စရေးနဲ့ အမေရိကန်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ကြံ့ကြံ့ခံနေဆဲပါ။ ------------------- အီရန် စစ်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန် အကြမ်းဖက် တိုက်ဖျက်ရေး အကြီးအကဲ ရာထူးကနေနုတ်ထွက် မတ်-၁၈၊ ၂၀၂၆။ People’s Spring အီရန်မှာ စစ်ပွဲဆင်နွှဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေးဌာန အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာရဲ့ ညွှန်ကြားရေးမှူး ဂျိုးကန့်က လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့တဲ့ နုတ်ထွက်စာထဲမှာတော့ အမေရိကန်ဟာ အီရန်ဆီက လတ်တလော ခြိမ်းခြောက်ခံရနိုင်ခြေမျိုး အန္တရာယ်တစ်ခုခု လုံးဝ မရှိခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။ သူက ထရမ့်ဟာ အစ္စရေး အစိုးရ၊ ပြီးတော့ အစ္စရေးကို လိုလားတဲ့ ဩဇာကြီးမားသူ အမေရိကန် လော်ဘီတွေက ဝိုင်းဝန်း ဖိအားပေးလို့ အီရန်ကို စစ်တိုက်ခဲ့တာလို့လည်း ကန့်က စွပ်စွဲထားပါတယ်။ သူ့ရဲ့ ရာထူးကနေ နုတ်ထွက်ချိန်မှာ ကန့်က အမေရိကန် သမ္မတ အနေနဲ့ လမ်းမှန်ဆီ ပြန်ဦးတည်သင့်တယ်လို့လည်း ထည့်သွင်း တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ကန့်ရဲ့ စာထဲမှာပါတဲ့ အကြောင်းအရာတွေကို ငြင်းဆိုသွားခဲ့ပြီး အီရန်က အမေရိကန်ကို အရင်စတင် တိုက်ခိုက်မယ်ဆိုတဲ့ ယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ သမ္မတ ထရမ့်က ရရှိထားခဲ့ကြောင်း ပြောပါတယ်။ ကန့်ဟာ ထရမ့်ရဲ့ အစိုးရအဖွဲ့ အတွင်းစည်းထဲမှာ အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဆန့်ကျင်ဝေဖန်တဲ့ ရာထူးအကြီးဆုံး အရာရှိ ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာတော့ ထရမ့်က ကန့်ဟာ လူကောင်းတစ်ယောက် ဖြစ်ပေမယ့် လုံခြုံရေး အမြင်နဲ့ ပတ်သက်ရင်တော့ အားနည်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ သူက ကန့်ရဲ့ နုတ်ထွက်စာကို ဖတ်မိတဲ့အခါ ကန့်က နုတ်ထွက်သွားတာ ပိုကောင်းတယ်လို့ ယူဆလိုက်ကြောင်းလည်း သတင်းထောက်တွေကို ပြောပါတယ်။ ထရမ့်ဆီ လိပ်မူထားတဲ့ စာထဲမှာတော့ အစ္စရေး အဆင့်မြင့် အရာရှိတွေ၊ ဩဇာကြီးမားတဲ့ အမေရိကန် ဂျာနယ်လစ်တွေက ထရမ့်ဆီ သတင်းအချက်အလက် အမှားတွေ ထောက်ပံ့ပေးပြီး သမ္မတရဲ့ အမေရိကန်သာ ပဓာနဆိုတဲ့ မူဝါဒကို အကျည်းတန်လာစေခဲ့တယ်လို့လည်း ကန့်က ရေးသားထားခဲ့ပါတယ်။ ကိုးကား: BBC 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA