У нас вы можете посмотреть бесплатно ဒေါ်အောင်ဆန်းစုကြည် (သို့) အမေစု ဘာသာပြန်ထားသော အကယ်၍ ကဗျာ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အကယ်၍ မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာမင်းကြောင့်လို့ ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်မယ်ဆိုရင် အကယ် ၍ အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် အကယ် ၍ စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းရဲ့အကြောင်း မဟုတ်မတရားမုသားစကားကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် ဒါမှမဟုတ် မင်းကိုလူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင် ပြီးတော့ မင်းကိုယ်မင်း လူတော်တယောက်လို့မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် အကယ် ၍ စိတ်ကူးယဉ်အိပ်မက်တွေဟာ မင်းအပေါ်မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် ပြီးတော့ အတွေးအခေါ်စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာမဖြစ်ဘဲ တွေးခေါ်နိုင်မယ်ဆိုရင် အကယ် ၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသောလောကဓံတရားတွေရယ်ပါလားလို့ ခံယူနိုင်မယ်ဆိုရင် အကယ် ၍ မင်းရဲ့အမှန်တရားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဘဝတစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် အကယ် ၍ မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ ကြွေတလှည့်ကြက်တခုန်ပမာ တလှည့်တခါထဲနဲ့ ဆုံးရှုံးသွားခဲ့ရင် ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင် ပြီးတော့တခါ ဆိုးလှတဲ့ကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် အကယ် ၍ သူများတကာလုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတယောက်ထဲပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် အဲဒီလိုပဲ မင်းမှာစိတ်ဓာတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ အဲဒီစိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် အကယ် ၍ လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမဲ့ မာန်မာနသွေးမကြွဘူးဆိုရင် အကယ် ၍ ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် … အကယ် ၍ လူတိုင်းကို တန်ဖိုးထားလေးစားရပေမဲ့ စွဲလမ်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် … အကယ် ၍ တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ အဓိပ္ပာယ်ရှိလှတဲ့ စက္က့န်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ငါ့သားရေ မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ အဲဒီတော့ မင်းဟာလဲ ယောင်္ကျားကောင်း တစ်ယောက်ပဲပေါ့