У нас вы можете посмотреть бесплатно 20. The Village bad guys (ရွာလူမိုက်များ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
20. The Village bad guys (ရွာလူမိုက်များ) မနက်(၉)နာရီ။ ဝင်းအောင် အိမ်ကို အောင်စိုး တစ်ယောက် လက်ဗလာနဲ့ရောက်လာသည်။ အိမ်ထဲမှာ ဝင်းအောင်ကလွဲ၍မည်သူမှမရှိ။ ဝင်းအောင်က အိမ်ထဲမှာရှိတဲ့ ကုလားထိုင်ပေါ်မှာ ခြေချိတ်ထိုင်ပြီး ဘယ်ဘက် လက်ညိုး၊ လက်ခလယ်ကြားမှာ ဆေးလိပ်တစ်လိပ်ကို ညှပ်ထား၍ ညာလက်ထဲမှာ ကျော်ထွန်းပေးခဲ့တဲ့ ငှက်ကြီးတောင်ဓားကို ဆုပ်ကိုင်ထားသည်။ အောင်စိုးက အသံမပေးဘဲ အိမ်ထဲကို ဝင်လာသည်။ အိမ်ထဲကိုအသံမပေးဘဲဝင်လာတဲ့ အောင်စိုးကို ဝင်းအောင်မြင်တာနဲ့ ရူတည်တည်စိုက်ကြည့်လိုက်သည်။ အောင်စိုးက ခပ်တည်တည်နဲ့ ဝင်းအောင်ရှေ့ကို တစ်လှမ်းခြင်းလျှောက်လာသည်။ အနားရောက်မှစကားစသည်။ "အိမ်ထဲမှာ ဘယ်သူမှမရှိဘူးနဲ့တူတယ်။ဒီအချိန် ငါရောက်လာတာ မှန်သွားတာပဲ" "အပိုတွေမပြောနဲ့ကောင်လေး။ မင်းဘာလာလုပ်တာလဲ။ လာရတဲ့အကြောင်းကိုပြော" "ဖြည်းဖြည်းပေါ့ကွာ။ အချိန်တန်ရင်ပြောမှာပေါ့" "ကောင်လေး။မင်းနဲ့စကားပြောဖို့ငါ့မှာအချိန်မရှိဘူး။ ဘာအကြောင်းမှ ပြောစရာမရှိရင် အေးဆေးပြန်လိုက်တော့။ ငါ့လက်ထဲမှာကိုင်ထားတာဘာလဲ မြင်တယ်မလား" "ငါလာတာ ငမြင့် ကိစ္စဆိုရင်ကော မင်းမှာ ငါနဲ့စကားပြောဖို့ အချိန်ရှိမလား" "ဘာကွ" "အေး..ငါအခုဒီကိုလာတာ ရန်သူအနေနဲ့မဟုတ်ဘူး။ မိတ်ဆွေအနေနဲ့လာတာ။ မင်းကောင် ငမြင့်ကို ဘယ်သူသတ်လဲ ငါသိတယ်" ဝင်းအောင် ကုလားထိုင်ပေါ်ကနေ ချက်ချင်းထသည်။ လက်ထဲကဆေးလိပ်ကိုလည်း အဝေးလွှင့်ပစ်လိုက်သည်။ #audiobook #spring #လူမိုက် #fighter #guys