У нас вы можете посмотреть бесплатно တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် ညှိနှိုင်းဘဝနှင့် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် အဆိုးရွားဆုံးအချိန်တွင် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။ ယခုလို အခြေအနေတွင် စစ်မတိုက်တတ်သူ ကျော်စွာလင်း စစ်ခေါင်းဆောင်ဖြစ်လာခြင်းသည် မြန်မာစစ်တပ်အခက် တော်လှန်ရေးအချက်ဟုလည်း ပြောနိုင်သည်။ အိတ်ဆွဲ၊ တံခါးဖွင့်၊ ထီးမိုးပြီး လူကြီးကြိုက် အလိုလိုက် အကြိုက် ဆောင်ခဲ့သည့် အတွေ့အကြုံများက မြေပြင်တိုက်ခိုက်ရေးတပ်မှူးများအပေါ် ကိုယ်ချင်းစာပေးစရာ အကြောင်းမရှိနိုင်ပေ။ ကိုယ်တိုင် မခက်ခဲ မကြမ်းတမ်းခဲ့ပါဘဲ “မင်းတို့က ဒီလောက်တောင် မလုပ်နိုင်ဘူးလား” ဆိုသည့်မှတ်ချက်က လက်အောက်၏ အထင်ကြီးလေးစားမှုကို မရနိုင်ပေ။ လက်အောက်က အထင်မကြီးသည့် ခေါင်းဆောင် ဦးဆောင်နေသမျှ ခေါင်းဆောင်မှုအလွဲများကြောင့် စစ်တပ်သည် စစ်ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် လူသစ်စုဆောင်းခြင်း၊ လေတပ်အသုံးပြုနိုင်ခြင်းတို့ကြောင့်သာ အခုလောက် ခုသာခံသာ ဖြစ်နေခြင်းဟု ယူဆရမည်။ လတ်တလော တခုစဉ်းစားမိသည်မှာ စစ်ခေါင်းဆောင်များသည် မဖြစ်မနေ နေရာလွှဲပြောင်းရမည့်အခါတွင် သူတို့ထက် ညံ့သည့်သူများကိုသာ နေရာလွှဲပေးချင်ကြသလားဆိုသည့်အချက်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင် အာဏာရှင်ဟောင်း ဦးသန်းရွှေက သူ့ထက်ညံ့ပြီး အတွေးအခေါ်မရှိ၊ ခိုင်းတာလုပ်သူ မင်းအောင်လှိုင်ကို အာဏာလွှဲပေးသလို မင်းအောင်လှိုင် ကလည်း စစ်တပ်၏ မူလတာဝန် စစ်တိုက်သည့်အလုပ်ကို မလုပ်တတ်သည့်သူကိုသာ စစ်ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ချင်လေသလား စဉ်းစားမိပါသည်။ သူ၏ အာဏာသိမ်းမှုကြောင့် မြန်မာစစ်တပ်အနေဖြင့် သမိုင်းတွင်လောက်အောင် စစ်ရှုံးနေရချိန်တွင် စစ်ရေးအတွေ့ အကြုံရှိသူ၊ စစ်တိုက်တတ်သူထက် စစ်ရေးအတွေ့အကြုံမရှိ၊ ပေးတာယူ ကျွေးတာစား၊ ခိုင်းတာလုပ်မည့်သူကိုသာ သူ့နေရာကို ဆက်ခံရန် ဆောင်ရွက်နေလေသည်။ #မြန်မာ #ဧရာဝတီ #တပ်ချုပ်လောင်း #ကျော်စွာလင်း #ညှိနှိုင်းကွပ်ကဲရေးမှူး #မြန်မာစစ်တပ် #စစ်ဆင်ရေး #WhathappensInMyanmart This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic. စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/supporttheirrawaddy