У нас вы можете посмотреть бесплатно KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်၊ (အင်္ဂါနေ့) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်၊ (အင်္ဂါနေ့) – မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အရေပြား ယားနာမှု အဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ – PNO လက်နက်ကြီးပစ်ခတ်မှုကြောင့် နားဟီးကျေးရွာက ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ – ဖရူဆိုအရှေ့ဘက်ခြမ်းက ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အရေပြားယားယံမှု ဖြစ်ပွားနေ – ပွင့်လင်းရာသီမှာ မီးဘေးအန္တာရာယ် သတိပြုကြဖို့ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီညွန်ကြား – စစ်ရေးပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကိုကြားကြရမှာပါ။ အဲဒီနောက်မှာတော့ “ကရင်နီပြည်အတွင်း တပ်မတော်တစ်ခုတည်း ပေါ်ထွန်းရေး၊ ပြင်ဆင်သင့်သည်များနှင့် ရင်ဆိုင်ရနိုင်သည့် အခက်အခဲများ”ဆိုတဲ့ ဆောင်းပါးနဲ့အတူ လူငယ်အစီအစဉ်ကို ဆက်လက်နားဆင်ကြရမှာဖြစ်ပါတယ်။ KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။ #Karenni #KantarawaddyTimes #KarenniNews #KTFM