У нас вы можете посмотреть бесплатно စွယ်တော်လေးဆူ ဘုရားရှိခိုး (စာတန်းထိုး) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ လက်ယာအထက် စွယ်တော်မြတ်အား ရှိခိုးခြင်း “စူဠမဏိ စေတိယမှိ၊ ဒိဝေ ဒေဝေန ပူဇိတံ။ ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။” ဒိဝေ - သက္ကဤသာ ပဇာပတိ စရှိထင်ရှား နတ်မင်းများတို့ စံငြားဌာနီ တာဝတိံသာ နတ်ပြည်၌၊ ဒေဝေန - မျက်စိတစ်ထောင် အလင်းဆောင်သည့် ဂုဏ်ရောင် ပဝင်း သိကြားနတ်မင်းသည်၊ စူဠမဏိစေတိယမှိ - အလောင်းတော်မြတ် ဗောဓိသတ်၏ ဆံမြတ်ကေသာ တည်ရှိရာဟု စူဠာမဏိ မည်ရှိတွင်ခေါ် မြတ်စေတီတော်၌၊ ပူဇိတံ - လေးမြတ်တူပျော် ပူဇော်ကိုးကွယ် အပ်သော၊ သမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဒါဌာဝရံ - ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ယာအထက် မြတ်စွယ်တော်ကို၊ သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ - ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ - အကြိမ်ကြိမ်ဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ လက်ယာအောက် စွယ်တော်မြတ်အား ရှိခိုးခြင်း “နာဂိန္ဒေန ဂဟေတွာန၊ဘဝနမှိ သုပူဇိတံ။ ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။” နာဂိန္ဒေန - ဇယသေန အမည်ရသည့် တေဇထန်ပြင်း နဂါးမင်းသည်၊ ဂဟေတွာန - သဒ္ဓါကြည်ဖြူ ပင့်ယူခဲ့ပြီး၍၊ ဘဝနမှိ - နတ်နဂါးတို့ ပျော်ပါးစိုးစံ ဘုံဗိမာန်၌၊ သုပူဇိတံ - လေးမြတ်တူပျော် ပူဇော်ကိုးကွယ် အပ်သော၊ သမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဒါဌာဝရံ - ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ယာအောက် မြတ်စွယ်တော်ကို၊ သိရသာ - ဦးခေါင်း ရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ - ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာ သာလျှင်၊ ဝန္ဒာမ - အကြိမ်ကြိမ်သာဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင် ဘုရား။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ လက်ဝဲအထက် စွယ်တော်မြတ်အား ရှိခိုးခြင်း “ဂန္ဓာရပုရေ စေတိယမှိ၊ ဇနေဟိ သုဋ္ဌု ပူဇိတံ။ ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။” ဂန္ဓာရပုရေ - ဆန်ရေစပါး ပေါများစုံသည့် ဂန္ဓာရ တိုင်းပြည်၌၊ စေတိယမှိ - ထူးခြားတင့်တယ် ရတနာခြယ်စီ မြတ်စေတီ၌၊ ဇနေဟိ - သဒ္ဓါကြည်ဖြူ ဂန္ဓာရပြည်သူတို့သည်၊ သုဋ္ဌု ပူဇိတံ - ဂန္ဓရတိုင်းဖွား ထူးခြားပေါ်လွင် ရဟန္တာထေရ် အရှင်သည် ချစ်ခင်လေးမြတ် ပင့်ဆောင်အပ်သဖြင့် လေးမြတ်တူပျော် ပူဇော်ကိုးကွယ်အပ်သော၊ သမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော် မြတ်ဘုရား၏၊ ဒါဌာဝရံ - ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် တစ်ဆူထင်ပေါ် လက်ဝဲအထက် မြတ်စွယ်တော်ကို၊ သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ - ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ - အကြိမ်ကြိမ်ဝပ်လျှိုး လက်စုံ မိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ လက်ဝဲအောက် စွယ်တော်မြတ်အား ရှိခိုးခြင်း “ကာလိင်္ဂရဋ္ဌေ ပူဇေတွာန၊ လင်္ကာဒီပေ သုမာနိတံ။ ဒါဌာဝရံ သမ္ဗုဒ္ဓဿ၊ ဝန္ဒာမ သိရသာဒရံ။” ကာလိင်္ဂရဋ္ဌေ - အိန္ဒိယ အရှေ့တောင်ပိုင်း သမိုင်းအညီ ကာလိင်္ဂတိုင်းပြည်၌၊ ပူဇေတွာန - ခေမမည်တွင် ရဟန္တာထေရ် အရှင်သည် ချစ်ခင်လေးမြတ် ပင့်ဆောင်အပ်သဖြင့် လေးမြတ်တူပျော် ပူဇော်ကြကုန်ပြီး၍၊ လင်္ကာဒီပေ - မြရည်စိမ်းစို ကျွန်းသီဟိုဠ်၌၊ သုမာနိတံ - ရဟန်း ရှင်လူ ပြည်သူအများ လေးစားကော်ရော် ပူဇော် မြတ်နိုးအပ်သော၊ သမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံ ဟောကြား ရှင်တော်မြတ် ဘုရား၏၊ ဒါဌာဝရံ - ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် တစ်ဆူ ထင်ပေါ် လက်ဝဲအောက် မြတ်စွယ် တော်ကို၊ သိရသာ - ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ အာဒရံ - ယုံကြည်အားကိုး ပွားတိုးသဒ္ဓါ မြတ်နိုးစွာသာလျှင်၊ ဝန္ဒာမ - အကြိမ်ကြိမ်ဝပ်လျှိုး လက်စုံမိုးကာ ရှိခိုးကြပါကုန်၏ အရှင်ဘုရား။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ မြတ်စွယ်တော်တို့အား ပူဇော်ခြင်း “ယတော ဒါတာ နိက္ခမိံသု၊ ဟသနေ ကထနေတဒါ။ ဒါဌာယော တာ သမ္ဗုဒ္ဓဿ။ မယံ ပူဇေမ သာဓုကံ” တဒါ - ရှင်တော်ဘုရား ထင်ရှားသက်တော် ဖူးမြော်ရာရာ ထိုအခါ၌၊ ဟသနေ - ရွှင်ကြည်နှလုံး ပီတိဖုံးလျက် ပြုံးစရာကြုံ အကြောင်းဆုံရာ အခါသမယ၌ လည်းကောင်း၊ ကထနေ - မဟာကရုဏာ မြတ်ပညာဖြင့် သစ္စာတရား ဟောကြားမိန့်မှာ အခါသမယ၌ လည်းကောင်း၊ ယတော - ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် လေးဆူထင်ပေါ် အကြင် မြတ်စွယ်တော်တို့မှ၊ သြဒါတာ - ကေလာသငွေတောင် နေရောင်စွဲဟပ် တဖျတ်ဖျတ်သို့ တလျှပ်လျှပ်တူတွေး ဖြူဖွေးသော ရောင်ခြည်တော်တို့သည်၊ နိက္ခမိံသု - ဖူးမြင်မ၀ အထူးပင်မြူးရွှင်ကာ ထွက်ကြွတော် မူကြလေကုန်ပြီ၊ သမ္ဗုဒ္ဓဿ - သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားဝေဖန် အခြေခံဟောကြား ရှင်တော်မြတ်ဘုရား၏၊ ဧတာ ဒါဌာယော - ပုလဲနှစ်အတူ စိန်စစ်လို ဖွေးဖြူသည့် လေးဆူထင်ပေါ် ထို မြတ်စွယ်တော်တို့ကို၊၊ မယံ - ရုပ်နာမ်နှစ်ဖြာ ငါးခန္ဓာကို သူငါမှည့်ခေါ် တပည့်တော်တို့ သည်၊ သာဓုကံ - ကောင်းမွန်စွာ။ ပူဇေမ - ဆီမီးရောင်လွှမ်း ပန်း ရေချမ်းတို့ဖြင့် မျှော်မှန်း ဂုဏ်တော် ရှိခိုးပူဇော်ကြပါကုန်သည် အရှင်ဘုရား။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ပါမောက္ခချုပ်ဆရာတော်ကြီး ၏ စွယ်တော်လေးဆူ ဘုရားရှိခိုး