У нас вы можете посмотреть бесплатно စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ။ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စအိုယားပြီဆိုရင် လူရှေ့သူရှေ့ မရှောင်နိုင်ယားယံ လာလို့ ကုတ်နေရပြီမလား။ ဒီခံစားမှုကို လူတော်တော် များများ ဖြစ်ဖူးကြမှာပါ။ နေမထိထိုင်မသာနဲ့ ကသိကအောက် ဖြစ်စေပြီး ပြဿနာ တစ်ခုဖြစ်တဲ့ စအို ယားယံမှုဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုရင် ကျန်းမာရေး ပြဿနာကြောင့် ဖြစ်နိုင်သလို နေထိုင်မှုပုံစံ ကြောင့် လည်း ဖြစ်တတ်ပါတယ်။ အရေပြား ပြဿနာ ဖြစ်ခြင်း အရေပြားပြဿနာဖြစ်ခြင်းဆိုတာ အရမ်းညစ်ပတ်တဲ့သူ၊ အရမ်းသန့်ရှင်းတဲ့ သူတွေမှာ စအို ယားယံခြင်းတွေ ဖြစ်တတ်ပါတယ်။ အိမ်သာတက်ပြီးရေသေချာ မဆေးကြောတဲ့အပြင် အညစ်အကြေးကို ပြောင်စင်အောင် မသန့်ရှင်းတာတွေက အရေပြားမှာ ပိုးတွေပေါက်ပွားလာပြီး ယားယံစေပါတယ်။နောက်ပြီး အသန့်လွန်တာကြောင့် စအိုကို အမွှေးဆပ်ပြာဆီနဲ့ ခဏခဏ ဆေးကြောခြင်း၊ စက္ကူနဲ့ ပြင်းပြင်းထန်ထန် ပွတ်တိုက်ခြင်းက အရေးပြားပါးလာပြီး စအိုကို ယားစေတတ်ပါတယ်။ဒါကြောင့် ရေသန့်သန့်နဲ့ ညင်ညင်သာသာ ဆေးပြီး အဝတ်သန့်သန့်ဖြစ်စေ ၊တစ်ရှူးဖြစ်စေ ရေကို ခြောက်အောင်သုတ်ပေးပါ။ လိပ်ခေါင်းဖြစ်ခြင်း လိပ်ခေါင်းဖြစ်ရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေဆီမှာ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။လိပ်ခေါင်းကြောင့် ယားယံမှု ဖြစ်တာသေချာရင် လိပ်ခေါင်းအလုံးကို သားရေကွင်းပစ်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေနဲ့ ကုသလို့ရပါတယ်။ စအို ကွဲနေခြင်း ဝမ်ချုပ်တဲ့အခါ အရမ်းညှစ်တာက စအိုလမ်းကြောင်း အတွင်းနံရံတွေကို အက်ကွဲစေတတ်ပါတယ်။ဒီလိုကွဲသွားရင် ယာယံပြီး နာကျင်မှုကိုလည်း ခံစားရပါတယ်။စအိုကွဲလာတဲ့အခါ အခြေအနေ မဆိုးခင် လိမ်းဆေး သောက်ဆေးတွေ သောက်ပေးလို့ရသလို ကွဲတာအရမ်းကြီးရင်တော့ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပါတယ်။ ဝမ်းလျှောခြင်း၊ ဝမ်းချူပ်ခြင်း ဝမ်းခဏခဏ သွားရလို့ တင်ပါးခဏခဏ ဆေးကြောရတဲ့အခါ စအိုယားယံခြင်း ကိုဖြစ်စေနိုင်သလို ဝမ်းချုပ်တာကြာသွားတဲ့ အခါမျိုးတွေမှာလည်း စအိုယားယံ ခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ သောက်နေရခြင်း ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် ပိုးသတ်ဆေးတွေ မကြာခဏ သောက်နေရခြင်း (သို့) ရေရှည်သောက်နေရရင် အူထဲကနေ ကောင်းတဲ့ အကျိုးပြုနေတဲ့ ဘက်တီးရီးယားပိုးတွေပါ နည်းပါလာပြီး စအိုယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အစားအသောက် ပြဿနာကြောင့် ဖြစ်ခြင်း ကော်ဖီ၊ ကိုကာကိုလာ၊ အရက်၊ ချောကလက်၊ အပူအစပ်နဲ့ ဝမ်းပျော့စေမယ့် အစားအစာတွေကို ဆင်ဆင်ခြင်ခြင် စားပေးပါ။ချဉ်တဲ့ အသီးအနှံတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း စတဲ့အစားအစာတွေက စအိုကြွက်သားကို လျော့ရဲစေပြီး ယားယံလာပါတယ်။ လိင်မှကူးစက်တဲ့ ရောဂါပိုးတွေကြောင့်လည်း စအိုကိုယားယံစေတဲ့အပြင် တင်ပါးဝဲပေါက်ခြင်း၊ မှိုပိုးစွဲခြင်း၊ ဂရင်းဂျီနာ ဖြစ်ခြင်း၊ ကြွက်နို့ပေါက်ခြင်း၊ စတာတွေက စအိုကို ယားယံစေပါတယ်။နောက်ပြီး ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ၊ သိုင်းရွက်ဟော်မုန်းများ ၊တစ်ကိုယ်ရည် သန့်ရှင်းမှု၊ စိတ်ဖိစီးမှု စိတ်ဓာတ်ကျတာတွေကြောင့် စအိုယားယံမှုကို ဖြစ်စေပါတယ်။ စအိုယားယံခြင်းကို ဘယ်လိုကုသ ကြမလဲဆိုရင် Vaseline ကို ဒဏ်ရာရှိတဲ့နေရာတွေမှာ လိမ်းပေးပါ။ ရေချိုးတဲ့အခါ ဒဏ်ရာရှိတဲ့နေရာ ကို နူးညံ့တဲ့ အဝတ်စနဲ့ သန့်ရှင်းပေးပါ။ ရေချိုးပြီနောက် စအိုကို ခြောက်သွေ့အောင် ပြုလုပ်ပါ။ စအိုကို ကုတ်ခြင်းမှ ရှောင်ကြဉ်ပေးပါ။ ရေမွှေး သို့မဟုတ် ဆိုးဆေးပါရှိနေတဲ့ ရေချိုးပစ္စည်းတွေကို သုံးစွဲခြင်းမျိုးမှ ရှောင်ကြဉ်ပါ။ အရောင်ချွတ်ဆေးများ မပါဝင်တဲ့ အိမ်သာသုံးစက္ကူ(အနု)ကို အသုံးပြုပါ။ အရမ်းကြပ်မနေဘဲ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကို ဝတ်ဆင်ပါ။ အိမ်သာတက်ချိန် တင်ပါးကို သေချာဆေးကြောသန့်စင်ပေးပါ ။စတာတွေကို ပြုလုပ်ပေးနိုင်သလို ဆရာဝန် ညွှန်ကြားထားတဲ့ ဆေး၊ ခရင်မ်နဲ့ လိမ်းဆေးတွေကို လိမ်းပေးခြင်းဖြင့် စအိုယားယံမှုကို သက်သာစေနိုင်ပါတယ်။