У нас вы можете посмотреть бесплатно Khit Thit Evening News | March 13, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ မတ် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံထဲက ကချင်ပြည်နယ် ၊ ချင်းပြည်နယ် ၊စစ်ကိုင်း၊ ရှမ်း၊ ကယား နဲ့ ကရင်ပြည်နယ်တွေမှာ နိုင်ငံရေး အကြောင်းပြပြီး ရွှေတွေ ၊ သတ္တုတွေ နဲ့ သစ်တွေကို ခိုးထုတ်ပြီး ဂိတ်ဖွင့်၊ လူဖမ်း ဆက်ကြေး တောင်းတာတွေ လုပ်နေကြတယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောသွားပြန်သလို ၊ မြန်မာနိုင်ငံ သားတွေဟာ ပညာရေးအားနည်းမှုကြောင့် စဉ်းစားတွေးခေါ်မှုပါ အားနည်းပြီး ဆူပူမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေတယ်ဆိုပြီးတော့ပါ အကြမ်းဖက် မင်းအောင်လှိုင်က သူ့ရဲ့ထုံးစံအတိုင်း အပြစ်တင်အပုတ်ချ ပြောဆိုမှုတွေ လုပ်သွားပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီတွေကို အကန့်သတ်နဲ့သာ ရောင်းချနေပြီး စစ်တပ်က သတ်မှတ်ထားတဲ့ QR စနစ်နဲ့ ဆီရောင်းချတဲ့ အစီအစဉ်ဟာလည်း အဆင်မပြေမှုတွေဖြစ် နေတဲ့ အပြင် စက်သုံးဆီဈေးတွေပါ ထိုးတက်နေတယ်လို့ ယာဉ်ပိုင်ရှင်တွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာကြပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ DKBA တပ်က စစ်တပ်ဘက်က သင်္ဃန်းညီနောင် စရဖ တပ်စွယ်မှူး ဗိုလ်ထိန်ကို သူတို့စစ်တပ်ဘက်တော်သားအချင်းချင်း ပြန်လည် ပစ်ခတ်မှုကြောင့် စရဖ တပ်စွယ်မှူး ဗိုလ်ထိန်ဟာ နေရာမှာတင် ပွဲချင်းပြီးကို သေသွားတယ်လို့ မြို့ခံ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အမေရိကန် -အစ္စရေး နဲ့ အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၂ အပြန်အလှန်တိုက်ခိုက်မှုတွေ နဲ့ ဆက်လက်မြင့်တက်နေပြီး အီရန်က ဒူဘိုင်းလေဆိပ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကိုပါ ဆက်လက် တိုက်ခိုက်နေသလို ကုလသမဂ္ဂကတော့ တိုက်ခိုက်မှုတွေရပ်ဖို့ တောင်းဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။