У нас вы можете посмотреть бесплатно ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ်ရုံးကို အလင်းဝင်ဖို့စာတွေကြဲချပြီးနောက် တိုက်ပွဲဖြစ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဆားလင်းကြီးရဲစခန်းနဲ့ ထွေအုပ်ရုံးကို အလင်းဝင်ဖို့စာတွေကြဲချပြီးနောက် တိုက်ပွဲဖြစ်(ရုပ်/သံ) ဆားလင်းကြီး၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၄ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီကနေ ၄ နာရီခွဲအထိ ဒရုန်းနဲ့ ဗုံးကြဲချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ ရဲနဲ့ စစ်သားအင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ ဆားလင်းကြီးမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကိုစက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ အလင်းဝင်ဖို့စာတွေကို Droneနဲ့ ကြဲချပြီးတဲ့နောက် ညနေပိုင်းမှာတော့ ၆၀မမလက်နက်ကြီးနဲ့ အဖူးရေ ၅၀ကျော်ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းနဲ့ ပါဗုံးကြဲချခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ၁နာရီခွဲအကြာ ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးရဲဘော်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁ဦးသေကာ ၃ဦးဒဏ်ရာရတယ်လို့ သိရပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။ အလင်းဝင်ဖို့စာတွေကြဲချခဲ့တာကိုတော့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး လက်ရုန်းတပ် ၊ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ၊ လက်ပတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကိုတော့Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ ၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)လက်ရုံးတပ် ၊ BED -ငညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊တည်းဖြတ်-HP #မြေလတ်အသံ