У нас вы можете посмотреть бесплатно Khit Thit Evening News | February 20, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမေရိကန်က Walk For Peace ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ရဲ့ အောင်မြင်မှုကို ကမ္ဘာ့ အနောက်ခြမ်း ဗုဒ္ဓဘာသာ ထိုးဝင်စီးဆင်းမှုဆိုပြီး ကြံ့ဖွတ် ခင်ရီက ကြွေးကြော်နေပြန်သလို ၊ အာဖဂန် နစ်စတန် ၊ ပါကစတန်အပါအဝင် နိုင်ငံနာမည်အနောက်မှာ စတန်ဆိုတဲ့ စကားလုံးပါတဲ့ အစ္စလာမ်နိုင်ငံ ၇ ခုကိုပါ အဲ့ဒီ့နိုင်ငံတွေမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်မှုဟာ မညီညွန်မှုကြောင့်ဆိုပြီး ဝေဖန်ပြောဆိုလိုက်ပြန်ပါတယ်။ -မြန်မာနိုင်ငံမှာ ခရစ်ယာန် ဘာသာဝင်တွေ အပါအဝင် အရပ်သားတွေကို စစ်တပ်က ဗုံးကျဲတိုက်ခိုက် နေမှုအပေါ် ကမ္ဘာ့အသင်းတော်များကောင်စီ (WCC) က ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ပါတယ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက် စစ်တပ်တပ်စွဲထားရာ တောင်ခေါင်းလောင်း ကျေးရွာ စစ်တပ်စခန်းကို KNLA ပူပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့ ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အလုပ်ရမယ်ဆိုပြီး ရုရှားစစ်တပ်ထဲမှာ လိမ်လည် စုဆောင်းခံရတဲ့ ကင်ညာနိုင်ငံသား အယောက် ၁ ထောင်ကျော်ကို ပြန်ခေါ်ပေးရန် ကင်ညာမိသားစုတွေက တောင်းဆိုနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။