У нас вы можете посмотреть бесплатно ရွေးကောက်ပွဲက ငလျင်ကြောင့် သေဆုံးသူတွေကို စော်ကားရာရောက်လိမ့်မယ် (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဧရာဝတီ၊ ဧပြီ ၁၂၊ ၂၀၂၅ ပြည်သူလူထုတွေ ငလျင်ဘေးဒဏ်သင့်နေတဲ့ အချိန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ငလျင်ဒဏ်ကြောင့် ဒေသဆုံးသူတွေကို စော်ကားရာ ရောက်လိမ့်မယ်လို့ ဒီမိုကရက်တစ်ပါတီ ရဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်နု က ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ဒီနှစ် ဒီဇင်ဘာလထဲမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဧပြီလ ၈ ရက်နေ့က တရားဝင်းထုတ်ပြန်အသိပေးထားပါတယ်။ လက်ရှိအချိန်ဟာ တိုင်းပြည် ငလျင်ဘေးဒဏ်ကြုံနေရတဲ့ အချိန်ဖြစ်ပြီး အင်အားပြင်း ငလျင်ကြောင့် ထိခိုက်မှုတွေ ကိုတောင် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ကောင်းကောင်းမလုပ်နိုင်ဘဲ ဖြစ်နေတဲ့ အချိန်ဖြစ်ပါတယ်။ အခုအခြေအနေမှာ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေထက်ရွေးကောက်ပွဲလုပ်ဖို့ကိုပဲ အာရုံစိုက်နေတဲ့အပေါ် အဲ့ဒီရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီခေါင်းဆောင်တွေကပဲ ဝေဖန်လိုက်ပါတယ်။ လက်ရှိမှာတော့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့မှာပျက်စီးဆုံးရှုံးမှုတွေ များခဲ့ပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ စာရင်းအရသေဆုံးသူဟာ ၃၆၀၀ ကျော်ရှိနေပြီး ဒဏ်ရာရရှိသူ ၅၀၀၀ ကျော်နဲ့ပျောက်ဆုံးနေသူတွေ ရှိနေဆဲပါ။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ကလည်း မြန်မာနိုင်ငံကို အလွန်ဆိုးဝါးတဲ့ နာဂစ်ဆိုင်က လုန်းမုန်တိုင်းဝင်ရောက်ခဲ့ပြီး လူပေါင်း ၁ သိန်း ၃ သောင်းဝန်းကျင် သေဆုံးခဲ့ရပေမယ့် ဒီလိုကြားထဲမှာပဲ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ စစ်အာဏာရှင်ဆိုတဲ့မျက်နှာဖုံးကို ခွာချခဲ့ကြပါတယ်။ ဒီလိုပဲ လက်ရှိ စစ်ခေါင်းဆောင်ဟာ ၂၀၂၅ မန္တလေးငလျင်ကြီးအပြီးကျင်းပမယ့် ရွေးကောက်ပွဲနဲ့အတူ ထွက်ပေါက်တွေ့နိုင်မှာပါလား။ စစ်ကောင်စီက အရင်အာဏာသိမ်းစစ်တပ်တွေလိုပဲစစ်ရာဝတ်မှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့ စစ်တပ်တခု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၆၀၀၀ ကျော်ရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ( AAPP) ကထုတ်ပြန်ထားပါတယ်။ ဒါက နှစ်ပေါင်းများစွာမှ တကြိမ်ဖြစ်တတ်တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးရတဲ့ လူဦးရေထက် နှစ်ဆနီးပါးပိုများတဲ့ပမာဏပဲဖြစ်ပါတယ်။ #မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #ငလျင် #WhathappensInMyanmar #MyanmarEarthquake --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR