У нас вы можете посмотреть бесплатно မြေအောက်ကမ္ဘာမှာ နာရီ ၅၀ ကျော်ကြာ၊ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
“ဖြစ်ခါစတုန်းကတော့ တော်တော် ကြောက်တာပေါ့ဗျာ၊ ကိုယ်လည်း တစ်ခါမှမှ မကြုံဘူးတာ အဲ့လိုကြီး က၊ တကယ့် အကြမ်းဆုံး ငလျှင်လှုပ်တာတောင်မှ အဲ့လောက်ကြီးထိ၊ အပေါ်ဆိုတော့ မကြောက်ရဘူး လေ၊ ခုဟာက အင်းခေါင်းသားထဲမှာ ဆိုတော့ ကိုယ့်အသက်ကိုယ်တောင်မှ ဖြစ်ကာစတုန်းက သွားပြီလို့ ရေစုန်မျှောရသလိုကို ခံစားလိုက်ရတယ်” မြေအောက်အနက် ပေ ၂၀၀ ကျော်မှာ ရွှေတူးဖော်ရေး လုပ်ကိုင်နေရင်း ငလျင်ဒဏ် ကြုံခဲ့ရတဲ့ အခြေအနေကို ကိုဖိုးကာ က ပြန်လည် ပြောပြနေတာပါ။ ကိုဖိုးကာနဲ့ လုပ်ဖော်ကိုင်ဘက် ရွှေတွင်းလုပ်သား ငါးဦးတို့ဟာ ပေရာချီ နက်တဲ့ ရွှေလုပ်ကွက် (အင်း)ထဲ နာရီ ၅၀ ကျော်ကြာ ပိတ်မိရာက ကယ်ဆယ်သူရှိလို့ အသက်ရှင်လျှက် လွတ်မြောက်လာခဲ့ကြပါတယ်။ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။ စဉ့်ကူးနယ်ဟာ ငလျင်ရဲ့ဗဟိုချက် စစ်ကိုင်း၊ မန္တလေးတို့နဲ့ ထိစပ်နေပြီး ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့ မြို့နယ်တစ်ခုပါ။ စစ်အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းအတွင်း ပထမဆုံး လွတ်မြောက်နယ်မြေ အဖြစ် တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ စဉ့်ကူးမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ အများစုက ကိုဖိုးကာ တို့လို ရွှေတူးဖော်ရေး လုပ်ကိုင်သူတွေ ပါ။ ငလျင်ဒဏ်ကြောင့် ရွှေလုပ်ကွက် (အင်း)တွေ ပြိုကျကာ ပိတ်မိရာက အင်းထဲမှာ ရွှေတူးဖော်နေသူတွေ သေဆုံးကြတာ ဖြစ်ပါတယ်။ စဉ့်ကူးနယ်က အင်းတွေဟာ မြေအောက် အနည်းဆုံး ပေ ၂၀၀ နက်ပါတယ်။ အင်းပြိုကာ သေဆုံးတဲ့ အင်းလုပ်သား အများစုကို အလောင်း ဆယ်ယူနိုင်တာ မရှိဘဲ ကျန်ရစ်သူ မိသားစုက မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီလို့သာ မှတ်ယူကြရပါတယ်။ ဒီလို အင်းပြိုမှု ဖြစ်စဉ်တွေထဲကနေ ကိုဖိုးကာ အပါအဝင် ရွှေတွင်းလုပ်သား ငါးဦးကိုတော့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက ပိတ်မိပြီး နာရီ ၅၀ ခန့်အကြာမှာ အသက်ရှင်လျှက် ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပါတယ်။ ငလျင်ကြောင့် မြေအောက် ရွှေတွင်းထဲမှာ ပိတ်မိရာက အသက်ရှင်လွတ်မြောက်လာသူအကြောင်း MFP က တင်ဆက်ထားပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP #အညာ #MFP #နွေဦးတော်လှန်ရေး #စစ်ကိုင်း #မန္တလေး #မကွေး #ငလျင် #Earthquake (Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။) Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook: / mandalayfreepress YouTube: / @mandalayfreepressmfp #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်