У нас вы можете посмотреть бесплатно (ပြည်သူသာ အမိ၊ ပြည်သူသာ အဖ) ဧရာဝတီတိုင်းက အရှိုချင်းတွေ တိုင်းရင်းသားအခွင့်အရေး အပြည့်အဝ ရနေပြီလား ? или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
၁၁ ၊ အောက်တိုဘာ ၊ ၂၀၂၀ ။ ပြည်သူသာအမိ ၊ ပြည်သူသာအဖ အစီအစဉ်ကနေ ဧရာဝတီတိုင်းက အရှိုချင်းလူမျိုးတွေ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ် ။ အရှိုချင်းလူမျိုးတွေဟာ ဧရာဝတီတိုင်းအတွင်းက မြန်အောင် ၊ ကြံခင်း ၊ အင်္ဂပူ ၊ ငပုတော စတဲ့ မြို့နယ်တွေမှာ ပျံ့နှံ့နေထိုင်နေကြပြီး လူဦးရေ နှစ်သောင်းခွဲကျော် ရှိတယ်လို့ သိရပါတယ် ။ ကြံခင်းမြို့နယ်ထဲမှာတော့ ခုံကြီး ၊ ပေါက်နယ်စမ်း ၊ ကြို့ပင်စု ၊ ရေနံတောင် စတဲ့ ကျေးရွာအုပ်စုတွေထဲမှာ အများဆုံး နေထိုင်ကြပါတယ် ။ အခု အစီအစဉ်မှာတော့ ခုံကြီးအုပ်စု ၊ လယ်မကျေးရွာက အသက် (၇၃) နှစ်ရှိပြီ ဖြစ်တဲ့ အရှိုချင်းလူမျိုး ဆလိုင်းစိန်ဝင်းဖြိုးအကြောင်းကို တင်ဆက်ထားပါတယ် ။ ကပ်ရောဂါကာလအတွင်းမှာ အခြေအနေ နဲ့ အချိန်ကာလ အကန့်အသတ်ရှိတဲ့အတွက်ကြောင့် အရှိုချင်းလူမျိုးတွေရဲ့ ကိုယ်စားပြု အသံတစ်သံကို ရွေးချယ်ခဲ့တာ ဖြစ်ပြီး နယ်ခံအချို့ရဲ့ သဘောဆန္ဒများကိုလည်း စစ်တမ်းကောက်ယူနိုင်ခဲ့ပါတယ် ။ ရရှိခဲ့တဲ့ အချက်အလက်တွေအပြင် နောင်လာမယ့်ကာလအတွင်းမှာလည်း အရှိုချင်းလူမျိုးတွေရဲ့ သဘောထားဆန္ဒတွေ ၊ အချက်အလက်တွေကို စုစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရအဖွဲ့ဆီကို ပေးပို့သွားမှာ ဖြစ်ပါတယ် ။ (ပြည်သူသာအမိ ၊ ပြည်သူသာ အဖ အစီအစဉ်ကို ပေါင်းကူး ၏ ကူညီပံ့ပိုးမှုဖြင့် ဆောင်ရွက်သည်) / deltanewsage. . https://www.deltanewsagency.com