У нас вы можете посмотреть бесплатно လာမယ့်နှစ်မှာ တရုတ်ကို ဖရဲ ၊သခွားတန်ချိန် တစ်သန်းခန့်တင်ပို့မယ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မတ် - ၁၅ ၊၂၀၁၉ လာမယ့် ၂၀၂၀ တရုတ်နိုင်ငံကို ဖရဲသခွား တန်ချိန် တစ်သန်းခန့် တင်ပို့သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်ကပြောပါတယ်။ ဒီလိုပို့ဆောင်ရာမှာ သရက်သီးလည်းပါပေမယ့် ဖရဲ၊ သခွားကိုသာ အဓိကထား တင်ပို့သွားမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေနဲ့ ပုံမှန်တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။ မြန်မာကနေ တရုတ်ကို ဖရဲ ၊ သခွား တွေ တင်ပို့ရာမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလအတွင်းက မူဆယ် ကျင်စန်းကြော့ဂိတ်ကို လုံခြုံရေးအရ မြန်မာဘက်က ပိတ်လိုက်တာကြောင့် ဖရဲ ၊ သခွားကားတွေ ပိတ်မိကာ အရှုံးပေါ်ခဲ့တဲ့ အခြေအနေတွေလည်းဖြစ်ခဲ့ပါတယ်။ ဒီိဂိတ်ဟာ ဖရဲ ၊ သခွားမွှေး တင်ပို့တဲ့ ရာသီမှာသာ ယာယီဖွင့်လှစ်တာကြောင့် တရားဝင်ဖြစ်ဖို့ အစိုးရ ဆောင်ရွက်သွားမယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဇန်နဝါရီလအတွင်းကပြောထားဖူးပါတယ်။ လာမယ့်နှစ်မှာတော့ တရုတ်ကို ဖရဲ ၊ သခွားတွေ တန်ချိန်တိုးမြှင့်ပြီးတင်ပို့သွားမယ့်အပြင် အိန္ဒိယ နိုင်ငံကို ပဲတီစိမ်း ၊ မတ်ပဲနဲ့ ပဲစိမ်းငုံတွေ ကို တိုးမြှင့်တင်ပို့ ဖို့ အခွင့်အလမ်းတွေရှိနေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောပါတယ်။ ဒီလို တင်ပို့နိုင်ဖို့အတွက်ကတော့ လက်ရှိမှာ အိန္ဒိယ နိုင်ငံမှာ ရွေးကောက်ပွဲရှိနေတာကြောင့် ရွေးကောက်ပွဲပြီးရင် ဆက်လက် ညှိနှိုင်းသွားမှာဖြစ်ပြီး ပဲစိုက်တောင်သူတွေအတွက် ဈေးကွက်ကောင်းတွေ ဖြစ်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ရုပ်သံသတင်းထောက် - အောင်ကျော်ထွန်း