У нас вы можете посмотреть бесплатно နိုင်ငံတကာ မြန်မာသတင်း (BNI ) ရေဒီယို အစီအစဉ်၊ စက်တင်ဘာလ - ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နိုင်ငံတကာ မြန်မာသတင်း (BNI ) ရေဒီယို အစီအစဉ် စက်တင်ဘာလ - ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ဒီနေ့တော့ ဘီအဲန်အိုင် အဖွဲ့ဝင် အဖွဲ့အစည်းတွေက သတင်းထောက်တွေ ပေးပို့ထားတဲ့ သတင်းလွှာတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ သတင်းလွှာတွေထဲမှာတော့ ရခိုင်ပြည် တောင်ကုတ်ခရိုင်၊ အတွင်းမှာ အင်္ဂါနေ့ညက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ဘေးရှောင် တက္ကသိုလ် ကျောင်းသားတစ်ယောက် အပါအဝင် အရပ်သား နှစ်ယောက် သေဆုံးခဲ့တဲ့အကြောင်း သတင်းပေးပို့ချက်၊ လွိုင်ကော်မြို့မှာ ရေဆက်ကြီး နေတာကြောင့် ဒေသခံ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေ ဘယ်လို အခက်တွေ့နေကြပါသလဲ၊ မွန်ပြည်နယ် က ဆန်ပွဲရုံတွေကို ဘာကြောင့် မှတ်ပုံတင်ခိုင်းတာပါလဲ၊ အာဏာသိမ်းပြိးနောက်ပိုင်း ကျား-မ ကွဲပြားမှုအပေါ် အကြမ်းဖက်မှုတွေ ဘာကြောင့် ပိုမို များပြားလာနေတာလဲ ဆိုတာနဲ့ ပြည်သူ့ လုံခြုံရေးဆိုပြီး မွန်ပြည်နယ်မှာ အရပ်သားတွေကို စစ်သင်တန်းတွေ ပေးနေတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို ကြားကြရမှာပါ။ BNI ရေဒီယို အစီအစဉ်ဟာ တိုင်းရင်းသားဒေသက ထူးခြားတဲ့ အဖြစ်အပျက်တွေနဲ့ သတင်းတွေကို စုစည်းတင်ဆက်ထားတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။ အစီအစဉ်ကို နေ့စဉ် မြန်မာစံတော်ချိန် ည ၇:၁၅ နာရီတွင် လှိုင်းတိုမီတာ ၂၂ မီတာ ၁၃ . ၈၂ ကနေ ဖမ်းယူနားဆင်နိုင်ပါပြီ။ ရေဒီယို လေလှိုင်းကနေ နားမထောင်လိုက်ရတဲ့သူတွေအတွက် သတင်းနှင့် မီဒီယာ ကွန်ရက် - NMG ၊ ကရင်သတင်းဌာန - KIC တို့ကနေ နေ့စဉ် မြန်မာစံတော်ချိန် ည ရး၃၀ နာရီမှာ Facebook Page ကနေတစ်ဆင့် ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ NMG က ထုတ်လွှင့်နေတဲ့ သတင်းတွေကို youtube - / @networkmediagroupnmg Website - https://www.nmg-news.net/ Facebook - / networkmediagroupnmg Twitter - / networkmediagr1 တို့မှာ ဝင်ရောက် ကြည့်ရှု့လို့ရပါတယ်။