У нас вы можете посмотреть бесплатно ချစ်သူကြင်ယာဖက်တွေမှာ ကြာလာရင်ဘာလို့ အချစ်တွေလျှော့သွားတာလဲ။ | Relationship Myanmar или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ချစ်သူကြင်ယာဖက်တွေကြားမှာ မှားတတ်တဲ့အရာတစ်ခုကိုမျှဝေချင်ပါတယ်။ ဘာလဲဆိုတော့ စိတ်ဝင်စားမှုနည်းသွားခြင်းပဲဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့သိချင်စိတ်တွေနည်းလာတတ်ပါတယ်။အထူးသဖြင့်ယောက်ျားလေးတွေကိုအဓိကထားပြီးမှာချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့တစ်ယောက်နဲ့တစ်ယောက်သိတာကြာလာတဲ့အချိန်မှာ သူဘယ်အချိန်မှာအိပ်ယာထတယ်၊ဘယ်အချိန်မှာထမင်းစားတယ်၊ဘယ်အချိန်မှာအလုပ်သွားတယ်၊ဘယ်အချိန်မှာအိပ်တတ်လဲ၊ဘယ်အရာတွေကိုကြိုက်တတ်လဲဆိုတာကို ကိုယ်ကခေါင်းထဲမှာအလွတ်ရနေပြီးသားဖြစ်ပါတယ်။ ကိုယ်ကသူလုပ်နေကျတိုင်းသိနေပြီးသားဖြစ်တဲ့အတွက် သိပ်ပြီးတော့မမေးဖြစ်တော့ပါဘူး။ အဲ့လိုနဲ့စိတ်ဝင်စားမှုတွေကတဖြေးဖြေးနဲ့နည်းနည်းလာပြီးတော့ ပျင်းစရာကောင်းလာပါတယ်။ အရေးကြီးတဲ့တစ်ခုကိုပြောချင်တာကတော့ Love Needs Curiosityလို့ခေါ်ပါတယ်။ ပျင်းစရာကောင်းလာတဲ့Relationshipတစ်ခုကိုပြန်ပြီးအသက်သွင်းဖို့ဆိုရင်"Curiosity"လို့ခေါ်တဲ့ စပ်စုဖို့လည်းလိုအပ်ပါတယ်။စပ်စုတယ်ဆိုတဲ့စကားက အပြင်မှာသာမကောင်းတာပါ၊Relationshipအတွက်မဖြစ်မနေလိုအပ်တဲ့ အရာပဲဖြစ်ပါတယ်။ US National Library တစ်ခုကနေResearchတစ်ခုလုပ်ထားပါတယ်။Relationshipတွေဘာကြောင့်ပြတ်သွားလဲဆိုတာကိုတိုင်းတာလိုက်တဲ့အချိန်မှာ28%သောRelationshipတွေက Loss Of Interest ဖြစ်သွားကြတာပါ။ ဒီစိတ်ဝင်စားမှုလျော့နည်းတဲ့အချက်ကပေါ့သေးသေးမဟုတ်ပါဘူး၊ဒါကြောင့်ယောကျ်ားလေးတွေအနေနဲ့လည်း စပ်စုဖို့လိုအပ်ပါတယ်။မိန်းကလေးတွေအနေနဲ့က အရာရာကိုသိချင်တတ်တဲ့အကျင့်ရှိနေတဲ့အတွက် သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ယောက်ျားလေးတွေအနေနဲ့စပ်စုဖို့ကိုReasonပြန်ပေးတတ်လေ့ရှိပါတယ်။ခံစားချက်အတိုင်းမဟုတ်ဘဲ လုပ်ယူနေရသလိုဖြစ်နေမှာပေါ့ဆိုတဲ့အကြောင်းပြချက်မျိုးပေးလေ့ရှိပါတယ်။ဥပမာအနေနဲ့ကိုယ်ကနေ့တိုင်းဘာလို့ရေချိုးရတာလဲ၊ခံစားချက်ကြောင့်မဟုတ်ဘဲကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့အတွက် နေ့တိုင်းလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်ယောကျ်ားလေးဘက်ကရော၊မိန်းကလေးဘက်ကရော Relationshipမှာသာယာပျော်ရွှင်ဖို့အတွက် ကောင်းမွန်တဲ့အလေ့အကျင့်တွေမွေးမြူဖို့လိုအပ်ပါတယ်။ Life & Relationshipစတဲ့အကြောင်းအရာတွေကို ပိုပြီးလေ့လာချင်ရင် လမ်းတော့မကွဲနိုင်ပေမဲ့ အဆိပ်သင့်နေတယ်။(Toxic Relationship) • လမ်းတော့မကွဲနိုင်ပေမဲ့ အဆိပ်သင့်နေတယ်။(Tox... အချစ်က ဘယ်လိုဖြစ်ပေါ်လာတာလဲ။ • Simon Sinek ပြောတဲ့ တကယ်ချစ်တယ်ဆိုတာ..အချစ... အိမ်မက်တွေ အပေါ်သစ္စာရှိပါ.. • အိမ်မက်တွေ အပေါ်သစ္စာရှိပါ.. | Personal De... Aung Htet Khant-Relationship Coach Channelကို Subscribeလုပ်ထားပေးဖို့ လိုအပ်ပါတယ်။ / @aunghtetkhant-relationship9101 Aung Htet Khant-Facebook Pageကိုလည်း Like & Follow လုပ်ထားပေးဖို့မျှော်လင့်ပါတယ်။ / aunghtetkhantcoach Relationship ပြဿနာတွေကို တစ်ဦးချင်းဆွေးနွေးနိုင်ဖို့အတွက် Facebook Messengerတွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ / aunghtetkhantcoach #Aunghtetkhant #Relationshipcoach#Relationship