У нас вы можете посмотреть бесплатно December 31, 2020 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှ သတင်း စာဆရာကြီးများ၏ အထုပ္ပတ္တိပါဝင်သော ၂၀၂၁ ခုနှစ် ပြက္ခဒိန် ထုတ်ဝေ ================================== မန္တလေးဒီဇင်ဘာ ၃၁ မြန်မာနိုင်ငံ သတင်းစာဆရာအသင်မှနေ၍ ၂၀၂၁ ခုနှစ် မြန်မာ-အင်္ဂလိပ် ပြက္ခဒိန်ထုတ် ဝေလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်အတွက် ထုတ်ဝေလိုက်သော ပြက္ခဒိန်တွင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏ နာယကအပါအဝင် သက်ကြီး ကန်တော့ခံ ဝါရင့်သတင်းစာ ဆရာကြီးများ ဖြစ်သော ဦးခင်မောင်လေး(ဖိုးသောကြာ ခေတ်+မိုး)(၁၉၃၃-၂၀၂၀)။ ဟံသာဝတီ ဦးအုန်းကြိုင် (၁၉၂၆-၂၀၂၀)။တက္ကသိုလ် စိန်တင် (၁၉၃၅-၂၀၂၀)။ ကြေးမှုံ ဦးသော် (၁၉၂၂-၂၀၁၈)။ကြေးမှုံ ဦးတင်ထွေး(၁၉၃၄- ၁၉၉၃)။ ဂျာနယ်ကျော် တင့်ဆွေ(၁၉၁၇- ၁၉၈၂)။ ဒဂုန် ရွှေမျှား(၁၈၉၅-၁၉၈၂)။ ဦးစိုးမောင်(သာဂရငစိုး)(၁၉၁၅-၁၉၉၈)။ ဦးထွန်းတင်(မန်းတင်)(၁၉၁၆-၁၉၉၇)။ ဒဂုန်နတ်ရှင်(၁၈၉၈-၁၉၈၉)။ ဦးချစ်ညို (၁၉၂၄-၁၉၈၇)။ နတ်မောက် ထွန်းရှိန်(၁၉၃၇ -၂၀၁၉) တို့၏ သတင်းစာလောက ဖြတ်သန်းမှု အထုပ္ပတ္တိများဖြင့် ဝေဝေဆာဆာ ထုတ်ဝေထားသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေ ဖြင့် ၂၀၁၅ ခုနှစ်တွင် ဦးဖေသိန်း(ရွှေဥဒေါင်း)၊ ဦးထွန်းဖေ(ထွန်းနေ့စဥ် ဦးထွန်းဖေ)၊ ဦးလှ(လူထုဦးလှ)၊ ဦးသိန်း(ဇဝန)၊ ဂျာနယ် ကျော် ဦးချစ်မောင်၊ ဦးသိန်းဖေ(သိန်းဖေ မြင့်)၊ အိုးဝေဦးညိုမြ၊ ဂါဒီယန်ဦးစိန်ဝင်း၊ ကြေးမှုံဦးသောင်း၊ ဟံသာဝတီဦးဝင်းတင်၊ အထောက်တော်လှအောင်၊ ဦးစိုးသိမ်း(မောင် ဝံသ)တို့၏ သတင်းစာလောက ဖြတ်သန်းမှု ကိုလည်းကောင်း။ ၁၉၁၆ ခုနှစ်တွင် သတင်းစာဆရာ ဦးသိမ်း မောင်၊ ဒဂုန်ခင်ခင်လေး၊ ဦးအုန်းထေ(တက်တိုး)၊ ဒေါ်ခင်မျိုးချစ်၊ ဒေါ်အမာ(လူထုဒေါ် အမာ)၊ ဂျာနယ်ကျော်မမလေး၊ ဗန်းမော် တင်အောင်၊ ဦးလှမြိုင်(ကိုဆောင်း)၊ ဦးစိန် ခင်မောင်ရီ၊ ဦးတင်စိုး(သာဂဒိုး)၊ လူထုစိန် ဝင်း၊ မြန်မာ့အလင်းစိန်ဝင်း တို့၏သတင်းစာ လောကဖြတ်သန်းမှုကိုလည်းကောင်း။ ၂၀၁၇ ခုနှစ်တွင် ဒေါ်စန်း(အင်ဒီပင်းဒင့်ဒေါ် စန်း)၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘသန်း(ယူ ပီအိုင်)၊ ဦးအောင်မြင့်(မြို့မအောင်)၊ ဦးစော ဦး၊ ဦးမြင့်ဦး(မောင်လင်းယုန်-ရှမ်းပြည်)၊ မောင်သော်က(ဗိုလ်ဘသော်-ရေတပ်)၊ ဦးခင်မောင်လတ်၊ မေမြို့ချစ်ဆွေ၊ မြန်မာ့ အလင်းသန်းညွှန့်၊ ဦးလှထွေး၊ သတင်းစာ ဆရာကြီးဦးသာဘန်း တို့၏ သတင်းစာ လောက ဖြတ်သန်းမှု ကိုလည်းကောင်း။ ၁၉၁၈ ခုနှစ်တွင် ဘိုးဝဇီရ၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ ဦးရွှေကြူး၊ သခင်ကိုယ်တော် မှိုင်း၊ ဘကြီးဘဘေ၊ ပီမိုးနင်း၊ ဒီးဒုတ်ဦးဘ ချို၊ မိုးကြိုးဦးအုန်းခင်၊ လင်းယုန်သစ်လွင်၊ ယုဝတီဂျင်းဖောမယ်၊ ဆရာကြီးဦးဌေးမြိုင်၊ တက္ကသိုလ်နေဝင်း တို့၏ သတင်းစာ လောက ဖြတ်သန်းမှု ကိုလည်းကောင်း။ ၂၀၁၉ ခုနှစ်တွင် မြသန်းတင့်၊ သခင်ဗဟိန်း၊ ဒဂုန်းဦးလှဘေ၊ မြန်မာ့အလင်းဦးတင်၊ ဦးကြီးမောင်(ငွေဥဒေါင်း)၊ ဦးမောင်မောင်ခင်၊ ဦးပုကလေး၊ ဗြိတိသျှဘားမား ဦးညွှန့်၊ ဗန္ဓုလဦးစိန်၊ တိုးတက်ရေးဦးစိန်(ဦးပဂျီငို)၊ ဗိုလ်မှူးဘရှင်၊ အိုင်စီအက်စ်ဦးတင်ထွဋ်တို့၏ သတင်းစာလောက ဖြတ်သန်းမှုကိုလည်း ကောင်း။ ၂၀၂၀ ပြည့်နှစ်တွင် ဦးသန့်၊ရန်ကုန်ဘဆွေ၊ သခင်အုန်းမြင့်၊ ဦးထွန်းဝေ၊ မင်းရှင်၊သခင်မြ သန်း၊ဦးတင်ဧ(ရှမ်းပြည်)၊ လင်းယုန်မောင် မောင်၊ ပန်းတနော် ဦးခန့်၊ ဦးယော(ဇေယျ)၊ ဦးကိုယု၊ဦးအောင်ပြည့် တို့၏ သတင်းစာ လော ဖြတ်သန်းမှု အထုပ္ပတ္တိများဖြင့် ဝေဝေ ဆာဆာ ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွက် ထုတ်ဝေလိုက်သော မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၏ ပြက္ခဒိန်များကို မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(မန္တလေးတိုင်းတိုင်းဒေသကြီး) အသင်းဥက္ကဌ ဦးမျိုးမင်းမင်းထံတွင် အသင်း ရန်ပုံငွေ သုံးထောင်ထည့်၍ ရယူနိုင် ကြောင်း သိရသည်။ အောင်သင်းလှိုင်(ပုဂံယဥ်စမ်းမြေ)